• Linked In
  • Twitter link
  • Facebook Link
  • Google Plus

Monday, March 17, 2025

ကားဘက်ထရီထောက်နှိုးရာတွင်ဆောင်ရန်ရှောင်ရန်

March 17, 2025 // by Sayar Setpaing // // No comments


 ၁။ အပေါင်း၊ အနုတ် မမှားပါစေနှင့်

ကားစက်နှိုးတဲ့အခါ starter motor က current တွေအများကြီးဆွဲပါတယ်။ ဒါကြောင့်လိုအပ်တဲ့ current ‌ကိုထုတ်ပေးနိုင်ဖို့အတွက်ဆိုရင် ကားမှာရှိတဲ့ batteryနှင့် မိမိတို့ထောက်နှိုးမဲ့ battery ငုတ်တို့ကို အပေါင်းအပေါင်းချင်း၊ အနုတ်အနုတ်ချင်း parallel စနစ်နဲ့ချိတ်ဆက်ရပါတယ်။ အပေါင်းငုတ်အနုတ်ငုတ်မှားယွင်းချိတ်ဆက်ထောက်နှိုးတဲ့အခါ fuseပျက်ပြီး နှိုးမရတော့တာမျိုးတွေစတဲ့ မလိုလားအပ်တဲ့ ပြဿနာမျိုးတွေဖြစ်ပေါ်စေပါတယ်။

၂။ အပေါင်းငုတ်ကိုအရင်ချိတ်ရပါမယ်

တကယ်တမ်းက ဘယ်ငုတ်ကိုအရင်ချိတ်ချိတ် အပေါင်းအနုတ်မှန်ရင် batteryအားရှိရင် ကားစက်နိုးပါတယ်။

မေး - ဒါဆိုဘာလို့ အပေါင်းငုတ်ကိုအရင်ချိတ်ခိုင်းလဲ?

ဖြေ - မီးလောင်မှုအန္တယ်ကင်းရှင်းရေး safety အတွက်ဖြစ်ပါတယ်။ ကား battery တွေမှာ အနုတ်ငုတ်ထက်အပေါင်းငုတ်ကလုံးပတ်ပိုကြီးနေတာကို သတိထားမိကြမှာပါ။ အပေါင်းငုတ်မှာက current တွေ ပိုမိုစီးဆင်းတာကြောင့်ဖြစ်ပါတယ်။ current ပိုများလေလေ battery ငုတ်ကို ကလစ်လေးတွေနဲ့ ကုတ်တဲ့အခါ မီးပွား sparkပိုထွက်လေလေ၊ အင်ဂျင်ခန်းထဲမှာ ဓာတ်ဆီငွေ့တွေရှိတဲ့အခါ မီးလောင်နိုင်ချေ ပိုများလေလေ ဖြစ်တာကြောင့်ပါ။

၃။ Infotainment System တွေစrunအောင်စောင့်ပါဦး

modelမြင့်ကားတော်တော်များများမှာ အဖြစ်များတဲ့ပြဿနာဖြစ်ပါတယ်။ ကားbatteryတွေ parallel စနစ်နဲ့ချိတ်ဆက်ပြီးလျှင်ပြီးချင်း စက်တမ်းနှိုးဖို့မသင့်ပါဘူး။Dashboard ‌က Infotainment screen လေးစrunလို့ပြီးအောင်စောင့်ရပါမယ်။ run နေတုန်းတမ်းလန်းကြီးစက်နှိုးမိတဲ့အခါ Infotainment system မှာ power supply ခဏပြတ်တောက်သွားပြီး screen ဖွင့်လို့မရတာမျိုးတွေ၊ back camera parking line မပေါ်တော့တာမျိုးတွေ၊ screen လုံးဝလစ်သွားတာမျိုးတွေအထိကြုံရတတ်လို့ လုံးဝသတိထားရမည့်အချက်ဖြစ်ပါတယ်။

မူရင်းရေးသားသူကို Credit ပေးပါတယ်။

0 Comments:

Post a Comment