ဘယ်နေရာရောက်ရောက်၊ ဘယ်သူတွေနဲ့နေနေ၊ ဘယ်လုပ်ငန်းခွင်လုပ်လုပ် လိုက်လျောညီထွေရှိပြီး အဆင်ပြေဖို့ အလုပ်သဘောအရ ညှိနှိုင်းရတာတွေ၊ ဆက်ဆံရေးညှိနှိုင်းရတာတွေ၊ နားလည်မှုညှိနှိုင်းရတာတွေ အနည်းနဲ့အများ လုပ်ကြရပါတယ်။
ဒါမှသာ နှစ်ဦးနှစ်ဖက်အဆင်ပြေတဲ့ ဆက်ဆံရေး၊ လုပ်ငန်းခွင်၊ ပူးပေါင်းဆောင်ရွက်မှုတွေ ဖြစ်ပေါ်လာမှာ ပါ။
၁။ တစ်ဖက်သားအပေါ်လေးစားမှုထားတဲ့ပုံစံနဲ့ ကိုယ့်ဘက်က ကမ်းလှမ်းချက်ကို ယဉ်ယဉ်ကျေးကျေးစတင်ပါ။
၂။ ကမ်းလှမ်းမယ့်အချက်ကို ရှင်းရှင်းလင်းလင်းပြောနိုင်အောင် ကိုယ့်ဘက်က သေချာပြင်ဆင်ပါ။
၃။ ကိုယ့်အားသာချက်ကို အသုံးချပါ။
ဥပမာ- ပြုံးရင် တစ်ဖက်သားအတွက် ပိုနှစ်လိုဖွယ်ရှိသွားတာမျိုးဆို ပြုံးပြပါ။
၄။ တောင်းဆိုတာမျိုးမဟုတ်ဘဲ အပြုသဘောဆောင်တဲ့ ကမ်းလှမ်းမှုပုံစံမျိုးဖန်တီးပါ။
၅။ ကိုယ်ဖြစ်ချင်တာကို အတင်းဇွတ်ပြောတာမျိုးရှောင်ပါ။
၆။ တစ်ဖက်က သဘောတူလက်ခံဖို့ တင်းမာနေရင် ခဏပြန်နောက်ဆုတ်ပါ။
၇။ တစ်ဖက်လူရဲ့အချိန်ကို မဖြုန်းမိအောင်၊ သူမငြီးငွေ့ခင် လိုရင်းကို ထိထိမိမိပြောပါ။
၈။ တစ်ဖက်က တုံ့ပြန်လာနိုင်တဲ့မေးခွန်းတွေအတွက်လည်း ကြိုတင်စဉ်းစားပြီး အဖြေရှာထားပါ။
၉။ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိပါ။
၁ဝ။ သူတို့ဆီက စကားထွက်လာအောင် လှုံ့ဆော်ပေးပြီး စကားပြန်ပြောဖို့အချိန်လည်းပေးပါ။
ညှိနှိုင်းမှုတိုင်း အဆင်ပြေအောင်မြင်ကြပါစေနော်။
မူရင်းရေးသားသူကို Credit ပေးပါတယ်။
0 Comments:
Post a Comment