အချိုရည် ယဥ်ကျေးမှုက ပေးတဲ့ ရောဂါ 

ဧည့်သည်လာတဲ့အခါ မုန့်အချိုချကျွေးတာ၊ အချိုရည် ဘူးဖောက်တိုက်တာ ဒါမှမဟုတ် အချိုရည် ပုလင်းဖျော်တိုက်တာက မြန်မာမှာ အတော်လေး ခေတ်စားတဲ့ ယဥ်ကျေးမှု၁ခုလို့ ပြောလို့ရပါတယ်။ တခါတလေ နွေပူပူမှာ အချိုရည် အေးအေးလေး သောက်လိုက်ရတာကိုလည်း လူတွေက သဘောတွေ့လေ့ရှိပါတယ်။ ဒါပေမယ့် ဒီနောက်ကွယ်မှာ ကျန်းမာရေး ဘယ်လောက်ထိခိုက်သွားလဲဆိုတာတော့ သိတဲ့သူ နည်းမယ်ထင်ပါတယ်။ ဒီတော့ အချိုရည်တွေကို လေ့လာကြည့်ရအောင် 

ကျွန်တော်တို့ ဝယ်သောက်နေကျ (ကိုလာ၊ ကျွဲရိုင်း၊ ပက်ပ်ဆီ စတဲ့) ဂတ်စ်သံဘူး အချိုရည် ၁ဘူးမှာ အကြမ်းဖျင်းအားဖြင့်


သကြားပမာဏ အများကြီး ဝင်လာခြင်းကို ခန္ဓာကိုယ်က ခံနိုင်ရည် မရှိပါဘူး။ ဒီလို အချိုရည်များများသောက်တဲ့အခါ ဖြစ်လာတတ်တဲ့ ရောဂါတွေကတော့





ဒါဆို အချိုရည်တွေကို နိုင်ငံတကာမှာရော မတားဆီးဘူးလား? 

တားဆီးပါတယ်။ Sugar tax လို့ခေါ်တဲ့ သကြားပါဝင်မှု ပမာဏများလေလေ အခွန်တိုးဆောင်ရလေလေ ဆိုတဲ့ မူဝါဒ ရှိပါတယ်။ အဂ်လန်မှာဆိုရင် ထုတ်လုပ်သူ တင်သွင်းဖြန့်ဖြူးသူတွေက ၁၀၀မီလီလီတာတိုင်း သကြားပါဝင်မှု ၅ဂရမ်ကျော်ပါက ၁၈ပဲနိ၊ ၈ဂရမ်ကျော်ပါက ၂၄ပဲနိ စသည်ဖြင့် အခွန်အတုတ်ကို တိုးပြီးပေးရတာပါ။ ၅ဂရမ်အောက်ဆိုရင်တော့ မပေးရပါဘူး။ အမေရိကန်ပြည်နယ်များ၊ ပြင်သစ်၊ မက္ကဆီကို၊ နော်ဝေ အစရှိတဲ့ နိုင်ငံကြီးတွေမှာလည်း အလားတူ မူဝါဒတွေ ချမှတ်ထားပါတယ်။ 

ဒီလို ရောဂါ များစွာ ဖြစ်စေပြီး နိုင်ငံတကာမှာလည်း သောက်သုံးမှု လျော့ကျစေဖို့ ကြိုးစားနေကြတဲ့အချိန် ကိုယ်က ဘာမှ မဖြစ်သလိုပဲ ဘူးလိုက်မော့သောက်နေတာက တကယ်တော့ အဆင်မပြေလှပါဘူး။ တချို့ကျတော့လည်း ကိုယ်တိုင် သောက်ချင်လို့ မဟုတ်ဘဲ ဧည့်သည်လာရင် ချတိုက်ဖို့အတွက် ဝယ်ထားရင်းကနေ ကိုယ်တိုင်လည်း ယူသောက်ဖြစ်၊ သူများကိုလည်း ချတိုက်ဖြစ်ပြန်ပါတယ်။ ဒါကလည်း ကျွန်တော့် အမြင်ပြောရရင် ယဥ်ကျေးမှုလို့ မမည်တော့ဘဲ ရောဂါမျှဝေတယ်လို့တောင် ဆိုရမလို ဖြစ်နေပါတယ်။ 

ဒါကြောင့် ဒီနေ့ကစပြီး အချိုရည်ဘူးတွေဝယ်ထားတဲ့ အကျင့်ကို ဖျောက်လိုက်ပါ။ မျက်စိရှေ့မှာ ရှိနေရင် သောက်ဖြစ်တာ မို့လို့ပါ။ သူများအိမ်သွားလည်လို့ အချိုရည် တိုက်ရင် အပြင်ထွက်စားလို့ သောက်ဖြစ်ရင်လည်း အတတ်နိုင်ဆုံး လျှော့သောက်ပါ။ အဲ့ဒီအစား





စတာတွေနဲ့ အစားထိုးကြည့်ပါ။ အေးတာကြိုက်ရင် ရေခဲသေတ္တာထဲ ထည့်ပြီးသောက်ပါ။ ဒီအစားထိုးမှုက တစ်နေ့ချင်းမှာ မသိသာပေမယ့် နောင် ၅နှစ် ၁၀နှစ်မှာ သင့်ခန္ဓာကိုယ်က သင့်ကို ကျေးဇူးတင်နေပါလိမ့်မယ် 

သင့်ရဲ့ အသိမိတ်ဆွေ အအေးကြိုက်တတ်သူတွေကိုလည်း ဒီ post လေးကို မျှဝေပြီး ကျန်းမာရေးအသိပညာပေးရင်း ကုသိုလ်ယူလိုက်ပါ 

0 Comments:
Post a Comment