• Linked In
  • Twitter link
  • Facebook Link
  • Google Plus

Monday, March 17, 2025

ဂျပန်နိုင်ငံ၏ ဒေသ(၈)ခု

March 17, 2025 // by Sayar Setpaing // // No comments

 


ဂျပန်မှာပြည်နယ်(၄၇)ခုရှိတာကိုအတော်များများသိကြပေမယ့် တစ်နိုင်ငံလုံးကိုဒေသ(၈)ခုအနေနဲ့လည်းပိုင်းခြားကြပါသေးတယ်။ ပြည်နယ်တွေဟာအုပ်ချုပ်ရေးအဆင်ပြေစေဖို့တရားဝင်သတ်မှတ်ထားတာဖြစ်ပေမယ့် ဒေသတွေဟာတော့မတူပါဘူး။

ဒေသတွေဟာမြေမျက်နှာသွင်ပြင်အလိုက် အရပ်စကားနဲ့ခွဲခြားခေါ်ဝေါ်ရင်းဖြစ်လာတာဖြစ်ပြီး တရားဝင်ပိုင်းခြားထားတာမျိုးမဟုတ်ပါဘူး။
ဒီဒေသ(၈)ခုမှာကိုယ်ပိုင်ထူးခြားချက်လေးတွေလည်းရှိကြပါတယ်။

Hokkaidō
=======
သဘာဝပတ်ဝန်းကျင်ကောင်းမွန်ခြင်းဟာ ဒီဒေသရဲ့အားသာချက်ဖြစ်ပါတယ်။ စိုက်ပျိုးရေးနဲ့ငါးဖမ်းလုပ်ငန်းတွေအထူးဖြစ်ထွန်းတဲ့ဒေသဖြစ်ပါတယ်။

Tōhoku
======
လျှပ်စစ်ပစ္စည်းနဲ့စားသောက်ကုန်ထုတ်လုပ်ရေးလုပ်ငန်းတွေအဓိကရှိတဲ့ဒေသဖြစ်ပါတယ်။ အာရှနဲ့မြောက်အမေရိကကိုကုန်သွယ်နေတဲ့ဒေသလည်းဖြစ်ပါတယ်။

Kantō
=====
စီးပွားရေးနဲ့စက်မှုလုပ်ငန်းတွေစုစည်းရာဒေသပါ။
တိုကျိုရှိနေတဲ့ဒေသလည်းဖြစ်တာကြောင့်အဖွံ့ဖြိုးဆုံးလို့ဆိုနိုင်ပါတယ်။

Chūbu
=====
တစ်နိုင်ငံလုံးရဲ့ကုန်ချောပစ္စည်းတင်ပို့မှု(၂၀)ရာခိုင်နှုန်းကိုပိုင်ဆိုင်ထားတဲ့ဒေသဖြစ်ပါတယ်။ ဒီဒေသဟာ ကုန်ထုတ်လုပ်ငန်းကတစ်ဆင့်ဂျပန်စီးပွားရေးကိုမောင်းနှင်နေပါတယ်။

Kansai (Kinki)
=========
ဂျပန်နိုင်ငံရဲ့အလယ်ဗဟိုဒေသဖြစ်ပါတယ်။ ကျိုတို၊အိုဆာကာ၊ကိုဘဲ စတဲ့မြို့ကြီးတွေရှိပြီး လူဦးရေသန်း(၂၀)ကျော်နဲ့ နိုင်ငံရဲ့ဒုတိယအကြီးဆုံးစီးပွားရေးကိုပိုင်ဆိုင်ထားပါတယ်။

Chūgoku
=======
လျှပ်စစ်၊ဇီဝနည်းပညာစတဲ့နယ်ပယ်တွေရဲ့ သုတေသနနဲ့ဖန်တီးရေးလုပ်ငန်းတွေလုပ်ကိုင်ရာဒေသဖြစ်ပြီး နည်းပညာအားကောင်းတဲ့နေရာလို့ပြောလို့ရပါတယ်။

Shikoku
======
စိုက်ပျိုးရေးလုပ်ငန်းအောင်မြင်တဲ့ဒေသဖြစ်ပါတယ်။ အခြားဒေသတွေရဲ့ပျမ်းမျှထက်သာတဲ့ GDP ရှိပါတယ်။

Kyūshū, Okinawa
============
လှပတဲ့ရှုခင်းတွေရှိပြီး ကိုရီးယား၊တရုတ်နဲ့အရှေ့အာရှကိုဆက်သွယ်ဖို့ အချက်အချာကျတဲ့ဒေသဖြစ်ပါတယ်။

ဒီလိုဒေသခွဲခြားခေါ်ဆိုတာကို မြေပုံ၊ပထဝီစာအုပ်၊မိုးလေဝသခန့်မှန်းချက်
တွေအပြင် နေရာအများအပြားမှာအသုံးပြုလျက်ရှိတာကြောင့် ဗဟုသုတအနေနဲ့သိထားသင့်ပါတယ်။

မူရင်းတင်သူကို Credit ပေးပါတယ်။

0 Comments:

Post a Comment