• Linked In
  • Twitter link
  • Facebook Link
  • Google Plus

Sunday, May 25, 2025

ရန်ကုန်လေဆိပ်ကနေ ဂျပန်သွားနည်း

May 25, 2025 // by Sayar Setpaing // // No comments


 ရန်ကုန်လေဆိပ်ကနေ ဂျပန်သွားနည်း

# International လေကြောင်းလိုင်းကို စီးမည့်ခရီးသည်များသည်လေယာဉ်ထွက်ခွာချိန်မတိုင်မီ လေဆိပ်ကိုအနည်းဆုံး ၂ နာရီခွဲကြိုတင်ရောက်ရှိရမယ်။

# ပတ်စ်ပို့၊ COE ၊ လေယာဉ်လက်မှတ်တို့ကို သေချာစွာ(မမေ့မလျော့) ယူဆောင်လာခဲ့ရပါမယ်။
-----------------------------------------------------------------------------------
မြန်မာလေဆိပ်တွင်ပြုလုပ်ရန်များ
၁။ လေဆိပ်ထဲသို့ဝင်ရောက်ခြင်း
၂။ အဝင်စစ်ဆေးမှုပြုလုပ်ခြင်း
၃။ CHECK IN ပြုလုပ်ခြင်း
၄။ အမှတ်တရ ဓါတ်ပုံရိုက်ခြင်း
၅။ မြန်မာလဝကကိုဖြတ်​ကျော်ခြင်း
၆။ လေယာဉ်စီးမည့်ဂိတ်တွင်စောင့်ဆိုင်းခြင်း
၇။ လေယာဉ်အတွင်းသို့ဝင်ရောက်ခြင်း

TRANSIT လေဆိပ်တွင်ပြုလုပ်ရန်
၁။ လေယာဉ်မှ ဆင်းသက်ခြင်း
၂။ TRANSIT ပြုလုပ်ခြင်း
၃။ အဝင်စစ်ဆေးမှုပြုလုပ်ခြင်း
၄။ လေယာဉ်စီးမည့်ဂိတ်တွင်စောင့်ဆိုင်းခြင်း
၅။ လေယာဉ်အတွင်းသို့ဝင်ရောက်ခြင်း

ဂျပန်လေဆိပ်တွင်ပြုလုပ်ရန်
၁။ ​လေယာဉ်မှဆင်းသက်ခြင်း
၂။ ဂျပန်လဝကကိုဖြတ်​ကျော်ခြင်း
၃။ မိမိခရီးဆောင်အိတ်ကိုယူဆောင်ခြင်း
၄။ ဂျပန်အကောက်ခွန်ကိုဖြတ်​ကျော်ခြင်း
၅။ လေဆိပ်မှာလာကြိုသူကို ရှာဖွေခြင်း
၆။ ဂျပန်သို့အောင်မြင်စွာရောက်ရှိခြင်း


# ပြည်ပထွက်ခွာဆိုသည့်ဂိတ်ပေါက်မှ ​လေဆိပ်ထဲသို့ဝင်ရောက်ပါ။ ယူဆောင်လာသော လက်ဆွဲအိတ်ကို X-Ray စက်ထဲထည့်ပါ။ လက်ကိုင်ဖုန်း၊ ပိုက်ဆံအိတ်နှင့်လက်ထဲတွင်ယူဆောင်လာသောအရာများကို သတ်မှတ်ထားသော ထည့်စရာခွက်ထဲထည့်ပါ။

# လုံခြုံရေးဝန်ထမ်းတွေက လက်ဆွဲအိတ်တွေကို X-Ray စက်ဖြင့် စစ်ဆေးပြီး၊ လူကို လက်နှစ်ဖက်ဆန့်ခိုင်းပြီး Metal Detactor ဖြင့် စစ်ဆေးပါမည်။

# X-Ray စက်ထဲမှထွက်လာသည့် မိမိ၏ခရီးဆောင်အိတ်ကို ပြန်လည်ယူဆောင်ပါ။

- Check-in Counter မှာ ပတ်စ်ပို့နဲ့ ဗီဇာ ကို ပြရပါမယ်။

- လက်ဆွဲအိတ်တွေရဲ့ အလေးချိန်နဲ့ အရွယ်အစားကို ကိုယ်စီးမယ့် လေကြောင်းလိုင်းက သတ်မှတ်ထားတဲ့အတိုင်း လိုက်နာပါ။

- များသောအားဖြင့် ကျောပိုးအိတ်တစ်လုံး၊ Hand Carry အိတ်တစ်လုံးနဲ့ Checked Baggage တစ်လုံးရတာများပါတယ်။

- လေယာဥ်ပေါ် ကိုယ်နဲ့အတူသယ်သွားမယ့် အိတ်ထဲမှာအရည်တွေ အလှကုန်နဲ့ရေမွှေးစတာတွေကို 100ml ထက် ပိုပြီးသယ်လို့ မရပါဘူး။ ဘူးက 200ml ဆိုပေမယ့် အထဲမှာပါတာ 100ml ဆိုလည်း မရပါ။ မီးခြစ်၊ လက်သည်းညှပ်၊ ကပ်ကြေး၊ ဓါး စတာတွေလည်း မရပါ။ လေဆိပ်ပေါ်လိုက်ပြီး မျက်ခုံးမွှးရိတ်တဲ့ ဓါးတောင်မရတာ ရှိပါတယ်။

- Check in လုပ်ပြီးနောက် Xrayနဲ့ အဆင့်ဆင့် စစ်ဆေးပြီးတဲ့အခါ Departure Lounge ကို ဝင်လို့ရပါပြီ။

- ကိုယ်စီးရမယ့် Gate Number ကို အရင်ရှာပါ။ လေယာဥ်လက်မှတ်မှာ ရေးထားလေ့ရှိပါတယ်။

- လေယာဉ်မတက်ခင် ပတ်စပို့နဲ့ လေယာဉ်လက်မှတ် ကို ပြရပါတယ်။ မေ့ကျန်ခဲ့လို့မရပါ။ အထူးသတိထားရပါမယ်။

- Transit လုပ်ရမယ့် လေဆိပ်ကို ရောက်တဲ့အခါမှာ Transit ဆိုတဲ့ စာလုံးကို ရှာပြီး ပြထားတဲ့ မြှားအတိုင်းသွားပါ။

- လမ်းမှာ TV Screen နဲ့ လေယာဥ်နံပါတ်တွေ အများကြီးပြထားတာကို တွေ့ပါလိမ့်မယ်။

- လေယာဥ်ထွက်မယ့်အချိန်အလိုက် အစဥ်လိုက် ဖော်ပြထားလို့ ရှာရသိပ်တော့ မခက်ပါဘူး။ နောက်တစ်ဖြတ် ကိုယ်စီးရမယ့် လေယာဥ်နံပါတ်ကို အဲ့မှာရှာပါ။ တွေ့ရင် ဘေးမှာ Gate Number ရေးထားပါလိမ့်မယ်။ အဲ့ဒီ Gate ကို ညွှန်ပြတဲ့ ဆိုင်းဘုတ်ကို ရှာပြီးသွားပါ။

- ဘန်ကောက်ဆိုရင် လေဆိပ်ထဲမှာတင် ရထားစီးပြီး Terminal ပြောင်းရတာများပါတယ်။

- ဘယ်လိုမှ ရှာမတွေ့ဘူး လမ်းပျောက်တယ်ဆိုရင် တွေ့တဲ့ ဝန်ထမ်းတစ်ယောက်ယောက်ကို လေယာဥ်လက်မှတ်သာ ထိုးပြီး ပြလိုက်ပါ။ လမ်းညွှန်ပေးပါလိမ့်မယ်။

- Gate ကိုတွေ့ပြီဆိုရင်လည်း သေချာအောင် Gate မှာ ရေးထားတဲ့ လေယာဥ်နံပါတ်ကို ကြည့်ပါ။ မတွေ့ရင် မေးပါ။

- ဂျပန်လေဆိပ်ရောက်တဲ့အခါ လေယာဉ်ဆင်းပြီးတာနဲ့ Arrival ဆိုတဲ့ လမ်းညွှန်အတိုင်းသွားပါ။

- Immigration ကို အရင်ဖြတ်ရပါမယ်။

- COE နဲ့ Passport ပြရပါမယ်။

- ပုံမှန်ဆိုရင်တော့ အထွေအထူးမေးလေ့မရှိပေမယ့် လူဝင်မှုကြီးကြပ်ရေးအရာရှိက နေထိုင်တဲ့ကာလ ၊ လာရတဲ့ရည်ရွယ်ချက်နဲ့ ကျောင်းတက်ဖို့ဆိုရင် တခါတရံ မိဘထောက်ပံ့မှုတွေ၊ အလုပ်အကိုင်တွေနဲ့ Showmoney ပြတဲ့ အကြောင်းတွေပါ မေးတတ်ပါတယ်။ တကယ်လို့ မေးလာခဲ့ရင် အရေးအကြီးဆုံးက ကျောင်းလခ ဘယ်သူထောက်ပံ့မှာလဲဆိုရင် ကိုယ့်ကို စပွန်ဆာပေးထားတဲ့သူ အဖေဆိုရင် အဖေ အမေဆိုရင် အမေဆိုပြီး သေချာဖြေပါ။

- ဇိုင်းလျူးကဒ်ထုတ်ပေးပါလိမ့်မယ်။ ကိုယ့်နာမည်နဲ့ မွေးသက္ကရာဇ်၊ ကျားမ မှန်မမှန်သေချာကြည့်ပါ။

- ကဒ်နောက်ကျောမှာ ၂၈နာရီ အလုပ်လုပ်ခွင့်တုံးထုထားပေးသလား သေချာကြည့်ပါ။ အဲဒါမပါရင် အလုပ်လုပ်လို့ မရတာမလို့ လဝကကို တစ်ခေါက်ပြန်သွားရပါလိမ့်မယ်။

- အဲဒါပြီးရင်တော့ ဂျပန်နိုင်ငံကို အောင်မြင်စွာ ဝင်ရောက်နိုင်ပါပြီ။

- လှေကားကနေဆင်းပြီး Baggage Claim Area ကို သွားပါ။ ဘယ်မှာယူရမလဲဆိုတာကို နောက်ထပ် TV Screen နဲ့ ပြပေးထားပါလိမ့်မယ်။ ကိုယ့်လေယာဥ်နံပါတ်ကို ရှာပြီး အဲ့လေယာဥ်နံပါတ်ဘေးမှာ ပြထားတဲ့ နံပါတ်မှာ ယူရပါမယ်။

- နောက်တစ်ခုက Custom Declaration လို့ခေါ်တဲ့ အကောက်ခွန်တင်ပြခြင်းဆိုတဲ့ စာရွက်ကို ဖြည့်ရပါမယ်။ အဲ့မှာ အိမ်လိပ်စာ ဖြည့်ရမှာမလို့ ကိုယ်နေရမယ့် လိပ်စာကို မလာခင် ကြိုမေးထားပါ။

- Custom Declaration စာရွက်ကို ဖြည့်ပြီးမှ ကိုယ့်အိတ်ကို ယူဖို့ အကြံပေးချင်ပါတယ်။

ဘာလို့လဲဆိုတော့ .........

- မြန်မာကနေ သယ်လာသမျှဟင်းတွေကို အနံ့ခံပြီး အပြတ်ရှင်းပြစ်မယ့် ခွေးကလေးက အသင့်စောင့်ကြိုနေမှာမလို့ပါ။

- အိတ်တိုင်းကို လိုက်နမ်းနိုင်တာမဟုတ်လို့ ရသလောက် လည်လည်ပတ်ပတ်ရှောင်ပါ။ ချစ်စရာလေးဆိုပြီး အနားသွားကပ်ရင်တော့ ဟိုက အနမ်းပေးပြီး မြန်မာကဟင်းတွေ အပြုတ်ဖြုတ်ပြစ်လိုက်ပါလိမ့်မယ်။

- ဒီအဆင့်ပြီးရင်တော့ ၁၀၀ရာခိုင်နှုန်းအောင်မြင်စွာ ရောက်ရှိပါပြီ။

- အဲ့ဒီနောက်မှာတော့ ဂျပန်နိုင်ငံမှာ မက်ချင်တဲ့ အိမ်မက်တွေကို စတင်လို့ရပါပြီ။

နှာရည်ယို၊နှာမွှန်​၊နှာပိတ်(ထိပ်ကပ်နာ)ရောဂါအတွက်....ခ​ရေ​စေ့


နတ်​ဆေးတမျှ အစွမ်းထက်လှတဲ့

နှာရည်ယို၊နှာမွှန်​၊နှာပိတ်(ထိပ်ကပ်နာ)ရောဂါအတွက်....ခ​ရေ​စေ့

(​မူရင်းတင်သူကို ကျေးဇူးတင် လွန်းလို့ မျှ​ဝေပါသည်)
လွန်ခဲ့တဲ့ ၃/၄ လခန့်ကစပြီး နှာမွှန်​ရောဂါ စွဲကပ်လာပါတယ်.. အိပ်ယာထချိန် နံက်အ​စောပိုင်းဆို အ​တော်​လေးမွှန်ပါသည်..မနားမ​နေကိုနှာ​ချေပါသည်။ အင်္ဂလိပ်ဆေး..{ စီထရင်း (သိုမဟုတ်)ဘာမီတွန်} ​သောက်ရင် ​ပျောက်ပါသည် ​ဆေးအာနိသင်ကုန်တာနှင့် ပြန်ဖြစ်ပါ​တော့သည်။
တကယ်မွှန်တဲ့နေ့ဆို စွတ်ကြယ်ဂျိုင်းပြတ်အင်္ကျီ ၃ ထည်​လောက်​ နှာရည်ညှစ်ဖို့ ဆောင်ထားရပါသည်။ တရားထိုင်ချိန်၊တရားမှတ်ချိန်ဆို နှာရည်​တွေ ​တောက်​တောက်..​တောက်​တောက်နဲ့ ​​အောက်ကိုစီးကျ​နေ​လောက်​အောင်ကို မွှန်ပါတယ်... အနံဆိုးများ​တော့ မထွက်​သေးပါ။
လွန်ခဲ့တဲ့ ၃ လခန့်က fb​ပေါ်မှာ ဦးဇင်းတစ်ပါးတင် ထားတဲ့ ပိုစ်​လေးတစ်ခု ဖတ်ရ​ပါသည်။ သူ ၁၄ နှစ်တိုင်တိုင် ​ငွေသိန်းချီကုန်ပြီး အင်္ဂလိပ်​ဆေးနဲ့ကုသလို့မပျောက်တဲ့ နှာမွှန်​ရောဂါကို ခ​ရေစေ့ကို​သွေးလိမ်း၊ ခ​ရေ​စေ့ကို မီးဖုတ်၊မီးဖုတ်ထားတဲ့အ​စေ့ကို ငရုပ်ဆုံမှာ ညက်​အောင်​ထောင်းပြီး အုန်းဆီစစ်စစ်​လေးနဲ့ ငယ်ထိပ်​ပေါ် လိမ်းတာ ၃ ရက်နဲ့ ​ပျောက်တယ်လို့ တင်ထားတာ​တွေ့တာနဲ့ ခ​ရေသီးမှည့်​ချိန် (အခုအချိန်) ကြုံတာနဲ့ ခ​ရေ​သီးအမှည့်ထဲကအ​စေ့ကို ​သွေးပြီး ညအိပ်ယာဝင်ချိန် နှာ​ခေါင်းမှာနှာတံဆွဲသလိုလိမ်း၊နှာဖူးထိပ်(မျက်ခုံးရိုး ၂ ခုကြား)မှာ လိမ်းပြီး ​​ခြောက်​တော့အိပ်ယာဝင်တာ နံက် (တစ်ကြိမ်တည်း လိမ်းရုံ)ထူးထူးခြားခြားကို(၉၀ ရာခိုင်နှုံး)ခန့် သက်သာ​ပျောက်ကင်း​နေတာ အံသြဖွယ်​တွေ့ရပါတယ်...
အခုစာ​ရေး​နေချိန်မှာ ​ဆေးလိမ်းချိန် ၁ ရက်နဲ့ တမွန်းတက်သာရှိ​သေးချိန်မှာ ၉၅ ရာခိုင်နှုန်းခန့် ​ပျောက်ကင်း​နေပါပြီ။(မီးဖုတ်လို့ ​ထောင်းပြီး အုန်းဆီနှ့င် ငယ်ထိပ်ကိုမလိမ်းဖြစ်ပါ)
ကျ​တော်ရဲ့ သူငယ်ချင်းမိတ်ဆွေများ နှာမွှန်၊နှာပိတ်(ထိပ်ကပ်နာ)ဖြစ်ခဲ့လို့ စိတ်ညစ်​နေခဲ့ရင် ​ငွေကုန်​ကြေးကျ မရှိတဲ့ ခ​ရေ​စေ့​လေးသာ​ သွေးလိမ်းကြည့်ကြပါလို့ ကိုယ်ပျောက်ခဲ့တာ​လေးကို ဝမ်းသာအားရ မျှ​ဝေပါရ​စေ။
Edit..စိတ်ပျက်စရာ နှာမွှန်​ရောဂါကို ကျ​တော်လိုပဲ ​ပျောက်ကင်းစေချင်တဲ့ ​စေတနာ တစ်ခုတည်းနှင့်သာ မျှ​ဝေခြင်းဖြစ်ပါသည်။

Thursday, March 27, 2025

ခေါင်းဆောင်ကောင်းတစ်ဦးမှာ တွေ့ရတတ်သည့်အရည်အသွေးများနှင့်လက္ခဏာများ

March 27, 2025 // by Sayar Setpaing // // No comments

 

ခေါင်းဆောင်ကောင်းတစ်ဦးမှာ တွေ့ရတတ်သည့် အရည်အသွေးများနှင့် လက္ခဏာများမှာ

၁)။ ကြီးမားသော ရည်မှန်းချက်များ

- ခေါင်းဆောင်ကောင်းများသည် ရည်မှန်းချက်ကြီးမားပြီး အနာဂတ်အတွက် အမြင်ကျယ်သည်
- သူတို့၏ ရည်မှန်းချက်များကို အကောင်အထည်ဖော်ရန် စွမ်းဆောင်ရည်ရှိသည်။

၂)။ ဆုံးဖြတ်ချက်ချမှတ်နိုင်စွမ်း

- ခေါင်းဆောင်ကောင်းများသည် အချိန်ကောင်းတွင် မှန်ကန်သော ဆုံးဖြတ်ချက်များကို ချမှတ်နိုင်သည်။
- ပြဿနာများကို ဖြေရှင်းရာတွင် စနစ်ကျသည်

၃)။ ဆက်သွယ်ပြောဆိုမှု ကျွမ်းကျင်ခြင်း

- သူတို့သည် ရှင်းလင်းပြတ်သားစွာ ပြောဆိုဆက်သွယ်နိုင်ပြီး အဖွဲ့အစည်းအတွင်း နားလည်မှုကောင်းမွန်စေသည်။
- နားထောင်မှုစွမ်းရည်လည်း ကောင်းမွန်သည်။

၄)။ စံနမူနာပြ
ခေါင်းဆောင်ကောင်းများသည် သူတို့၏ အပြုအမူနှင့် လုပ်ဆောင်ချက်များဖြင့် အဖွဲ့ဝင်များအတွက် စံနမူနာပြသူဖြစ်သည်။
- သူတို့သည် ကိုယ်ကျင့်တရားကောင်းမွန်ပြီး လေးစားမှုရှိသည်။

၅)။ တီထွင်ဖန်တီးနိုင်စွမ်း

- ခေါင်းဆောင်ကောင်းများသည် အသစ်အသစ်သော အိုင်ဒီယာများကို ဖန်တီးနိုင်ပြီး ပြောင်းလဲမှုကို လက်ခံနိုင်သည်။
- ပြဿနာများကို ဖြေရှင်းရာတွင် ဖန်တီးမှုစွမ်းရည်ကို အသုံးပြုကြသည်🥰

၆)။ အဖွဲ့အစည်းကို အားပေးမြှင့်တင်နိုင်ခြင်း

- ခေါင်းဆောင်ကောင်းများသည် အဖွဲ့ဝင်များ၏ စွမ်းရည်ကို မြှင့်တင်ပေးပြီး သူတို့ကို အားပေးအားမြှောက်ပြုသည်။
- အဖွဲ့အတွင်း ယုံကြည်မှုနှင့် စည်းလုံးညီညွတ်မှုကို တည်ဆောက်ပေးသည်။

၇)။ စိတ်ဓာတ်ခိုင်မာခြင်း

- ခေါင်းဆောင်ကောင်းများသည် စိန်ခေါ်မှုများနှင့် ကြုံတွေ့ရသောအခါ စိတ်ဓာတ်မကျဘဲ ရင်ဆိုင်ဖြေရှင်းနိုင်သည်။
- စိတ်ရှည်သည်းခံမှုနှင့် ဇွဲလုံ့လရှိသည်။

၈)။ လူမှုဆက်ဆံရေး ကောင်းမွန်ခြင်း

- ခေါင်းဆောင်ကောင်းများသည် လူမှုဆက်ဆံရေးကောင်းမွန်ပြီး လူအများနှင့် ပူးပေါင်းဆောင်ရွက်နိုင်သည်။
- သူတို့သည် လူအများ၏ ယုံကြည်မှုကို ရရှိသည်။

၉)။ တာဝန်ယူမှုနှင့် တာဝန်ခံမှု

- ခေါင်းဆောင်ကောင်းများသည် သူတို့၏ လုပ်ဆောင်ချက်များအတွက် တာဝန်ယူတတ်ပြီး မှားယွင်းမှုများကို ဝန်ခံတတ်သည်။
- သူတို့သည် ရလဒ်များအတွက် တာဝန်ခံနိုင်သည်။

၁၀)။ ပြောင်းလဲမှုကို ဦးဆောင်နိုင်ခြင်း

- ခေါင်းဆောင်ကောင်းများသည် ပြောင်းလဲမှုကို ဦးဆောင်နိုင်ပြီး အဖွဲ့အစည်းကို အောင်မြင်မှုဆီသို့ ဦးတည်စေသည်။
- သူတို့သည် ပြောင်းလဲမှုကို ကြောက်ရွံ့ခြင်းမရှိဘဲ လိုက်လျောညီထွေဖြစ်အောင် လုပ်ဆောင်နိုင်သည်။

ခေါင်းဆောင်ကောင်းများသည် ဤအရည်အသွေးများကို ပိုင်ဆိုင်ထားပြီး သူတို့၏ အဖွဲ့အစည်းကို အောင်မြင်မှုဆီသို့ ဦးဆောင်လမ်းပြနိုင်သူများလည်း ဖြစ်ပါသည်။

မူရင်းရေးသားသူကို Credit ပေးပါတယ်။

Monday, March 24, 2025

ဘယ်မှာပဲအလုပ် လုပ်လုပ်.......

March 24, 2025 // by Sayar Setpaing // // No comments

 

ဘယ်မှာပဲအလုပ်လုပ်လုပ်ဒီအချက် ၆ ချက်ကိုမှတ်ထားပါ

(၁) အလုပ်မှာ လူပို အလိုမရှိဘူး၊ အဖွဲ့အသင်းမှာ လူပျင်း မထားဘူး။

(၂) အလုပ်စ ဝင်တဲ့အခါ လခ တိုးအောင် အရင်မစဉ်းစားနဲ့
ကိုယ့်ကိုယ်ကို တန်ဖိုးရှိအောင် အရင်လုပ်ပါ။

(၃) ဘယ်လို အလုပ်မျိုးပဲလုပ်လုပ်၊ ရာနှုန်းပြည့် အဆင်မပြေနိုင်ဘူး၊
အနိုင်ကျင့်ခံရ မှာသေချာတယ်။

(၄) လွယ်လွယ်နဲ့ ပိုက်ဆံ ရတဲ့ အလုပ်၊ ဘယ်မှာမှ မရှိဆိုတာ
စိတ်ထဲမှာ မှတ်ထားပါ။

(၅) ပိုက်ဆံမစုမိတဲ့ အလုပ်ဆိုရင် ပညာစုပါ၊
ပညာမရတဲ့ အလုပ်မှာအတွေ့အကြုံ စုပါ၊
အတွေ့အကြုံ မရတဲ့ အလုပ်မှာလူခင်အောင်ပေါင်းပါ။

(၆) ကိုယ့်ရဲ့ စိတ်နေစိတ်ဓါတ် ကို ပြောင်းမှ၊
ကိုယ့်ရဲ့ အမြင်ကိုပြောင်းနိုင်မယ်။

ကိုယ့်ရဲ့ အလုပ်လုပ်တဲ့ တာဝန်စိတ်ဓါတ်ကိုပြောင်းမှ၊ လုပ်ငန်းခွင်မှာအဆင်ပြေနိုင်မယ်...။

မြန်မာစာစတင်ဖြစ်ပေါ်လာပုံ

March 24, 2025 // by Sayar Setpaing // // No comments

 

မြန်မာစာစတင်ဖြစ်ပေါ်လာပုံ
⚜⚜⚜⚜⚜⚜⚜⚜⚜⚜

🛑 မြန်မာစာစတင်ဖြစ်ပေါ်လာခြင်းသည် မြန်မာသည် ပျူနှင့်မွန်စာရေးနည်းကို စံတင်ပြီး (၁၂)ရာစုတွင် မြန်မာဘာသာ ပေါ်ထွန်းလာခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံ စတင်တည်ထောင်စဉ်ကာလ အနော်ရထာမင်း၏ လက်ထက်တွင် သက္ကတဘာသာစာဖြင့် ရေးသောအုတ်ခွက်စာများ၊ ပါဠိစာများဖြင့်ရေးသော အုတ်ခွက်စာများကို အထောက်အထားပြုကာ မြန်မာ့တို့သည် မူလက ပါဠိနှင့် သက္ကတဘာသာတို့ကို ရင်းနှီးခဲ့ကြောင်း သိရသည်။ သက္ကတဘာသာသည် မဟာယာန ဗုဒ္ဓဘာသာနှင့် ဆက်နွယ်ပြီး ပါဠိဘာသာသည် ထေရဝါဒဗုဒ္ဓဘာသာနှင့် နှီးနွယ်ကြောင်းသိရသည်။

🛑 ပျူစာ၊မွန်စာများနှင့်မြန်မာများ
မြန်မာတို့သည် တိုင်းခြားဘာသာဖြစ်သော ပါဠိစာကိုဗုဒ္ဓဘာသာစာပေအဖြစ် လက်ခံလာချိန်တွင် မြန်မာတိုင်းရင်းသားများ၏ စာပေဖြစ်သော ပျူစာ၊ မွန်စာတို့သည် ရှင်သန်နှင့် နေပြီးဖြစ်ကြောင်း သိရသည်။ မြန်မာစာပေါ်ပေါက်လာသော အခါတွင် မြန်မာတို့သည် မြန်မာစာနှင့်အတူ တိုင်းရင်း ပျူ၊ မွန်စာပေတို့ကိုလည်း ဆက်လက်ပြုစုလာခဲ့ကြပြီး ခရစ်နှစ်(၁၁၁၃)ခုနှစ် တွင် ရာဇကုမာရ်မင်းသား ရေးထိုးသော မြစေတီ ကျောက်စာတွင် ပျူ၊ မွန်၊ မြန်မာဘာသာ တို့ကို ပါဠိစာပေနှင့် အတူ ယှဉ်တွဲ တွေ့ရှိရသည်။ ပါဠိစာပေမှ မြန်မာစာပေသို့ အပြန်အလှန် ဘာသာပြန် အရေးအသားနှင့် ပါဠိဘာသာပြန်ရေးသည့် အရေးအသားများ ထွန်းကားလာခဲ့ပြီး (၁၁)ရာစု အနော်ရထာမင်း လက်ထက်တွင် ထေရဝါဒဗုဒ္ဓသာသနာနှင့် အတူ ပိဋိကတ်စာပေများ ပုဂံသို့ရောက်ရှိလာပြီးနောက်တွင် (၁၁) ရာစု နှောင်းပိုင်းတွင် မြန်မာစာ စတင် ပေါ်ပေါက် ထွန်းကားခဲ့ကြောင်း သမိုင်းအထောက်အထားများက ပြဆိုထားသည်။

🛑 မြန်မာဗျည်း အက္ခရာ (၃၃) လုံးအသုံးအနှုန်းများခိုင်မြဲလာပုံ
မြန်မာစာ ပေါ်ပေါက်လာပုံကို ပုဂံခေတ် ကျန်စစ်သားမင်း နတ်ရွာစံပြီး ခရစ်နှစ် (၁၁၁၃) ခန့်တွင် ရေးထိုးသော ရာဇကုမာရ်ကျောက်စာသည် သက္ကရာဇ် အခိုင်အမာ ပါသော အစောဆုံး မြန်မာစာ ဖြစ်ကြောင်းသိရသည်။ မြန်မာစာစတင် ဖော်ပြရာတွင် ဗုဒ္ဓစာပေများကို ကျောက်စာ၊ မှင်စာများဖြင့် ဇာတ်နိပါတ်၊ ပန်းချီ၊ ပန်းပု များနှင့် အတူ မှင်ဖြင့် ဖော်ပြကြပြီး ကျောက်စာများ ၊ မှင်စာများ စတင် ပေါ်ပေါက်လာခဲ့ရကြောင်း သိရသည်။ နောက်ပိုင်းတွင် ဗုဒ္ဓစာပေ အကြောင်းအရာများကို စကားပြေဖြင့်လည်းကောင်း ကဗျာများဖြင့်လည်းကောင်း ဖွဲ့နွဲလာကြပြီး ဗုဒ္ဓစာပေကို အခြေခံကာ မြန်မာစာပေ အရေးအဖွဲ့ အမျိုးမျိုး ပေါ်ထွန်းလာရကြောင်းသိရသည်။ ပါဠိ၊ ပျူ၊ မွန်၊ မြန်မာ ဟူသော ဘာသာစကားတို့မှ စကားလုံးများကို မွေးစား သုံးနှုန်းခြင်း၊ ဘာသာပြန်သုံးနှုန်းခြင်းတို့ဖြင့် မြန်မာစကား နှင့် စာပေ ဖွံ့ဖြိုးကြွယ်ဝ လာခဲ့ သည်ဟု ဆိုကြသည်။ ပင်းယခေတ် (၁၃၀၉ ခုနှစ် ခန့် မှ ၁၃၆၀) နှင့် အင်းဝခေတ် (၁၃၆၄ မှ ၁၄၈၆) တစ်လျောက်လုံးတွင် မြန်မာတို့သည် ဗုဒ္ဓစာပေအမွေအနှစ်များကို ပါဠိဘာသာမှ တစ်ဆင့် ဘာသာပြန်ပြုစုလာခဲ့ကြပြီး မြန်မာစာပေအနေနှင့် အရေးအသား အသုံးအနှုန်းများ ခိုင်မြဲစွာ အမြစ်တွယ် ထွန်းကားနေပြီ ဖြစ်သည်။

🛑 မြန်မာဗျည်း(၃၃)လုံး ဖြစ်ပေါ်လာပုံ
မြန်မာဗျည်း ၃၃-လုံး ဖြစ်ပေါ်လာပုံအကြောင်း ပြောရာမှာ ဗျည်းရော သရရော မြန်မာအက္ခရာ ဘယ်လိုဖြစ်ပေါ်လာတယ်ဆိုတာက စပြောဖို့လိုမှာပေါ့။ မြန်မာအက္ခရာဟာ အိန္ဒိယနိုင်ငံမှာ ဘီစီ ၅၀၀-လောက်က ၇၀၀-ကျော်အထိ ထွန်းကားခဲ့တဲ့ ဗြာဟ္မီ (Brahmi) အက္ခရာက ဆင်းသက်လာကြောင်း ပညာရှင်တွေက မိန့်ဆိုကြတယ်။
ခရစ်နှစ်ဦးပိုင်းလောက်မှာ အိန္ဒိယနိုင်ငံသားတွေ အရှေ့တောင်အာရှကို သင်္ဘောကြီးတွေနဲ့ ရွက်လွင့်လာ ရာမှ ဗုဒ္ဓဘာသာ၊ ဟိန္ဒူဘာသာ၊ အက္ခရာ၊ နီတိကျမ်း၊ ဓမ္မသတ်ကျမ်း စတဲ့ ယဉ်ကျေးမှုတွေပါလာပြီး အရှေ့တောင်အာရှ နိုင်ငံတွေမှာ ထွန်းကားတာပါ။ အဲဒီအက္ခရာဟာ မွန်လူမျိုးတွေဆီ အရင်ရောက်ပြီး အဲဒီကမှတဆင့် မြန်မာတွေဆီရောက်တယ်။ မြန်မာတွေက အဲဒီအက္ခရာတွေကို မြန်မာစကားသံတွေနဲ့ အံဝင်ခွင်ကျဖြစ်အောင် လိုအပ်သလို မွမ်းမံအသုံးပြုရာက မြန်မာအက္ခရာ ပေါ်ပေါက်လာတယ်လို့ ယူဆကြပါတယ်။
မြန်မာအက္ခရာဆိုရာမှာ ဗျည်းရော၊ သရရော ပါဝင်ပါတယ်။ ဗျည်းတွေကို အမည်ပေးပုံက စိတ်ဝင်စားစရာ ကောင်းပါတယ်။ ဘယ်တုန်းကစပြီး ကကြီး-ခခွေး-ဂငယ်-ဃကြီး-စတဲ့အမည်တွေ ပေးတာလဲလို့ စဉ်းစားကြည့်ရင် မြန်မာအက္ခရာတွေကို ပေရွက်ပေါ်မှာ ကညစ်နဲ့ အဝိုင်းပုံရေးတော့မှ ဖြစ်လိမ့်မယ်လို့ ဆိုချင်ပါတယ်။ ကျောက်စာ စရေးထိုးတဲ့ ပုဂံခေတ်တုန်းကတော့ ခုလို ဝိုင်းဝိုင်းစက်စက် မဟုတ်ကြောင်း ပုဂံကျောက်စာတွေကိုကြည့်ရင် သိနိုင်ပါတယ်။ အဲဒီတုန်းက ကျောက်ပေါ်မှာ ဆောက်တို့၊ ဘာတို့နဲ့ ထွင်းရတာမို့ လေးထောင့်ပုံတွေ ထွင်းတယ်၊ မဝိုင်းသေးဘူး။ ၀-၀ကလေး ဝိုင်းဝိုင်းရေး-လို့ ပြောလို့မရသေးဘူး။
ပေပေါ်မှာရေးတော့ လေးထောင့်ရေးရင် အဆင်မပြေဘူး။ ပေရွက်အကြောတွေ စုတ်ပြတ်နိုင်တယ်။ အဝိုင်းရေးတော့ ပိုအဆင်ပြေတယ်။ အဲဒီလိုအဝိုင်းရေးတဲ့ခေတ်ရောက်မှ ဗျည်းတွေရဲ့ ပုံသဏ္ဌာန်ကိုကြည့်ပြီး အမည်ပေးတာပါ။ ဒီတော့ မြန်မာဗျည်းတွေဟာ မဝိုင်းခင်တုန်းက ကကြီး-ခခွေး စတဲ့ အမည်တွေ မရသေးဘဲ က-ခ-လို့ပဲ ခေါ်လိမ့်မယ်ထင်တယ်။

ဗျည်းတွေကို အမည်ပေးရာမှာ ဂုဏ်အရည်အသွေးအရ အမည်ပေးတာရော၊ ပုံသဏ္ဌာန်အရ အမည်ပေးတာရော တွေ့ရတယ်။ ကကြီး၊ ဃကြီး၊ ဏကြီး၊ ဠကြီး ဆိုတဲ့ အက္ခရာလေးလုံးကို ကြီးလေးလုံး-လို့ခေါ်ကြတယ်။ အဲ ဃကြီး၊ ဏကြီး၊ ဠကြီးတို့မှာတော့ ဂငယ်၊ နငယ်၊ လ(ငယ်) ဆိုတဲ့ အတွဲတွေ ရှိတယ်မဟုတ်လား။ ဒါကြောင့် အကြီးအငယ်ခွဲပြီး အငယ်တွေထက် အရွယ်ပမာဏကြီးတဲ့ အက္ခရာတွေကို ကြီး-ထည့်ပြီး ခေါ်ကြတာပေါ့။
ကကြီးကျတော့ ကငယ် မရှိဘဲ ဘာဖြစ်လို့ ကကြီးလို့ခေါ်ရသလဲလို့ မေးစရာပေါ့။ ဗျည်း ၃၃-လုံးမှာ ရှေ့ဆုံးက ခေါင်းဆောင်ဗျည်းဖြစ်လို့ ကကြီးလို့ ခေါ်တယ်လို့လည်း ယူဆကြတယ်။ ၃၃-လုံးမှာ အကြီးဆုံးပေါ့။ ပုံသဏ္ဌာန်က ဂငယ်ထက် ၂-ဆ ကြီးနေလို့ ကကြီးလို့ခေါ်တယ်လို့လည်း ဆိုကြတယ်။

ပုံသဏ္ဌာန်အရ အမည်ပေးတဲ့ဗျည်းတွေကို ကြည့်ပါ။ ခွေခွေကလေးနေလို့ ခ-ခွေး၊ လုံးလုံးကလေး နေလို့ စ-လုံး၊ လိမ်ခွေနေလို့ ဆ-လိမ်၊ အောက်ကွဲနေလို့ ဇ-ကွဲ၊ ဘေးကမျဉ်းဆွဲထားလို့ ဈ-မျဉ်းဆွဲ၊ ရင်ကလေးကောက်နေလို့ ဍ-ရင်ကောက်၊ ဝမ်းပူနေလို့ တ-ဝမ်းပူ၊ အငယ်အထွေးလေးဖြစ်လို့ ဒ-ဒွေး (ဒထွေး)၊ အောက်ပိုင်းကခြိုက်(ချိုင့်) နေလို့ ဓ-အောက်ခြိုက်၊ မတ်မတ်စောက်စောက်ရှိလို့ ပ-စောက်၊ အထက်ပိုင်းကခြိုက်(ချိုင့်)နေလို့ ဗ-ထက်ခြိုက်၊ ကုန်းနေလို့ ဘ-ကုန်း၊ ပက်လက်လန်နေလို့ ယ-ပက်လက်၊ အဖျားက ကောက်နေလို့ ရ-ကောက်-ဆိုပြီး ပုံသဏ္ဌာန်အရ အမည်ပေးတာ တွေ့နိုင်ပါတယ်။

အက္ခရာတချို့ရဲ့ အမည်တွေက ပုံသဏ္ဌာန်ကို ရိုးရိုးဖော်ပြတာမဟုတ်ဘဲ ပုံသဏ္ဌာန်တူတဲ့ အရာဝတ္ထုတွေနဲ့ ခိုင်းနှိုင်းအမည်ပေးတာဖြစ်ပါတယ်။ ရှေးကသုံးတဲ့ သံလျင်းလို့ခေါ်တဲ့ ထမ်းစင်မှာပါတဲ့ ချိတ်လေးကို ကောက်ကောက်ကလေးမို့ ဋ-သံလျင်းချိတ်၊ ဝမ်းဘဲနဲ့တူလို့ ဌ-ဝမ်းဘဲ၊ ရေမှုတ်နဲ့တူလို့ ဎ-ရေမှုတ်၊ ဆင်ရဲ့ခြေထောက်ကို ခတ်ရတဲ့ ထူးလိုအကွင်း ၂-ကွင်းပါလို့ ထ-ဆင်ထူးလို့ ခေါ်ကြောင်း တွေ့နိုင်ပါတယ်။

င-မ-၀-သ-ဟ တို့ကိုတော့ အမည်မပေးတာ တွေ့ရပါတယ်။ ည-ယ-လ တို့ကိုတော့ သာမန်အားဖြင့် အမည် မပေးပေမယ့် လိုအပ်တဲ့အခါ ညကြီး၊ ယပက်လက်၊ လ(ငယ်)လို့ အမည်ပေးပါတယ်။ ဉ ကို ဉ ကလေး၊ ည ကို ညကြီးလို့ ခွဲခြားခေါ်ပါတယ်။ မြန်မာဗျည်း ၃၃-လုံးမှာ ည(ညကြီး) ပဲပါတယ်။ ဉ (ဉ ကလေး) ကိုတော့ အသတ်အက္ခရာအဖြစ်ပဲ သုံးတယ်။ သံယောဇဉ်တို့၊ ဝိညာဉ်တို့၊ အစဉ်အမြဲ-တို့မှာ သုံးသလိုပေါ့။ ဒီနေရာမှာ ပါဠိဘာသာမှာသုံးတဲ့ ညနဲ့ မြန်မာဘာသာမှာသုံးတဲ့ ညကို ခွဲခြားမှတ်ရမယ်။

ပါဠိဗျည်း ၃၃-လုံးမှာ ည မသုံးဘူး။ ဉ ပဲသုံးတယ်။ ဒါကြောင့် ပုည ကို ပုဉ်+ဉ လို့ အသံထွက်ရတာပေါ့။ ရှေ့က ညကို အသတ်အသံထွက်ရတယ်။ /ပုန်+ညာ့/လို့ အသံထွက်ရတာပေါ့။ ဒီလိုပဲ ပညာ/ပဉ်+ဉာ/ပျင်ညာ။ သုည/သုဉ်+ဉ /သုန်ညာ့၊ လို့ အသံထွက်ရတယ်။ အချုပ်အားဖြင့် ပါဠိမှာ ညဟာ ဉ ၂-လုံးတွဲဖြစ်တယ်။ ဉ ရော၊ ညရော သုံးတယ်။ မြန်မာမှာတော့ ညကြီး ဉ ကလေးလို့ ခွဲသုံးတယ်။ ဗျည်း ၃၃-လုံးမှာ ညကြီးသုံးပြီး အသတ်မှာ ဉ သုံးတယ်လို့ ခွဲခြားမှတ်သားနိုင်ပါတယ်။

မြန်မာစာမှာ ဉ နဲ့ ဥနဲ့ ရောထွေးတတ်တယ်။ ဉ (ဉ ကလေး) က ခြေထောက် ရှည်တယ်။ ဥ (ဘဲဥ၊ ကြက်ဥ-မှာပါတဲ့ အက္ခရာ ဥ) က ခြေထောက် တိုတယ်။ ယပက်လက်ကို ရကောက်နဲ့ ယှဉ်ပြီး ယပက်လက်လို့ ခွဲခြားခေါ်တယ်။ ရှေ့က ရကို ရကြီး၊ ယကို ယငယ်လို့လည်း ခွဲခေါ်သေးတယ်။ ရကြီးနဲ့ ရငယ်ပေါ့။ လကိုလည်း ဠနဲ့ ယှဉ်ပြီး လငယ်လို့ ခေါ်နိုင်ပါတယ်။

အက္ခရာအမည်တွေနဲ့ပတ်သက်ပြီး ပြောစရာတခုက ဓအောက်ခြိုက်ကို အောက်ကချိုင့်နေလို့ ဓအောက်ခြိုက် ခေါ်တယ်ပြောပြီး ရေးတော့ အောက်က မချိုင့်ပါလားလို့ မေးစရာရှိတယ်။ ပုဂံခေတ် ကျောက်စာတွေမှာ စရေးတုန်းက ဓဟာ အခုလို အောက်က ပိတ်မနေဘူး။ ဗ စောက်ထိုးရေးသလို အောက်ကချိုင့်နေတယ်။ ( ဗထက်ခြိုက် ပြောင်းပြန်ပုံစံမျိုးပေါ့။)

ဈ (ဈမျဉ်းဆွဲ) ကို စလုံးယပင့်-ဆိုပြီး မှားသင်တဲ့ ဆရာမကလေးတွေ ရှိတယ်လို့ ကြားရတယ်။ ဈ ဟာ မူလအက္ခရာမှာ သီခြားပုံသဏ္ဌာန် ရှိပါတယ်။ စလုံးကို ယပင့်ထားတာ မဟုတ်ပါဘူး။ ဘေးက မျဉ်းဆွဲထားလို့ ဈမျဉ်းဆွဲ ခေါ်တယ်လို့ မှတ်သင့်ပါတယ်။ ကဲ ဒီလောက်ဆိုရင် ပြည့်စုံပြီထင်ပါတယ်။

🔷 ကိုးကား- မောင်ခင်မင် (ဓနုဖြူ) (မင်္ဂလာမောင်မယ် ၂၀၁၀-ဒီဇင်္ဘာလ)

ဒန့်သလွန်အစေ့ခြောက်အစွမ်း

 

"ဒန့်သလွန်အစေ့ခြောက်အစွမ်း (ဆေ၊းမြီးတို)"
🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱
(၁) ဒန့်သလွန်ရွက် ဟင်းချိုချက်သောက်ခြင်း။ကြော်စားခြင်းဖြင့်
အစာကြေစေသည်။သွေးတိုး အမူးရောဂါ သက်သာစေသည်။

(၂) ဒန့်သလွန်ရွက်အစိမ်းကို ထောင်း အရည်ညှစ် ဆားအနည်းငယ်
ခပ်၍ တိုက်လျှင် ချောင်းဆိုး။ကိုယ်ပူ အဖျားရောဂါ သက်သာစေသည်။

(၃) ဒန့်သလွန်ရွက် သတ္တုရည်ကို မျက်စဉ်းခပ်ပေးလျှင် ခေါင်းကြီးကိုက်
ရောဂါ သက်သာစေသည်။

(၄) ဒန့်သလွန်သီး မီးဖုတ် အတွင်းမှအစေ့နှင့် အသားကို ခြစ်ယူပြီး
ကြက်ဥနှင့် ရောကြော် စားသော် သွေးဝမ်း။လိပ်ခေါင်း သွေးကျရောဂါ
သက်သာစေသည်။

(၅) ဒန့်သလွန်သီးအရင့်ကို နေခြောက်လှန်း အစေ့ခြောက်ကို ဖန်ပုလင်း
ဖြင့် သိမ်းထားပါ။

သွေးတိုးလျှင် နှစ်စေ့။သုံးစေ့ဝါးစားပါ။ရေအဝသောက်ပါ နာရီဝက်
အတွင်း သွေးတိုးကျပါသည်။

နှလုံးသွေးကြောကျဉ်း ရောဂါရှိလျှင် အစေ့ခြောက်ကို အမှုန့်ထောင်း
ပြီး ပျားရည်နှင့်တေ။နေ့စဉ် ဟင်းစားဇွန်းတစ်ဇွန်းခန့် စားပါ။

ရင်ကြပ်။သွေးတိုး။နှလုံးမောရောဂါရှိလျှင် ဒန့်သလွန်သီးအစေ့
ခြောက်အမှုန့်နှင့် ချင်းခြောက်မှုန့် ဆတူရောစပ်။ရေနွေးနှင့် သောက်ပါ။

ဒန့်သလွန်သီး အစေ့ခြောက်ကို နေလှန်းပြီး သိမ်းထားလျှင် နှစ်ကြာ
သည်အထိ အာနိသင် မပျ၊က်စီးပါ။
ကျန်းမာရေးဗဟုသုတအနေနဲ့ တင်ပြလိုက်ပါတယ်။

အချိုရည် ယဥ်ကျေးမှုက ပေးတဲ့ ရောဂါ

March 24, 2025 // by Sayar Setpaing // // No comments

 

အချိုရည် ယဥ်ကျေးမှုက ပေးတဲ့ ရောဂါ 🥤
ဧည့်သည်လာတဲ့အခါ မုန့်အချိုချကျွေးတာ၊ အချိုရည် ဘူးဖောက်တိုက်တာ ဒါမှမဟုတ် အချိုရည် ပုလင်းဖျော်တိုက်တာက မြန်မာမှာ အတော်လေး ခေတ်စားတဲ့ ယဥ်ကျေးမှု၁ခုလို့ ပြောလို့ရပါတယ်။ တခါတလေ နွေပူပူမှာ အချိုရည် အေးအေးလေး သောက်လိုက်ရတာကိုလည်း လူတွေက သဘောတွေ့လေ့ရှိပါတယ်။ ဒါပေမယ့် ဒီနောက်ကွယ်မှာ ကျန်းမာရေး ဘယ်လောက်ထိခိုက်သွားလဲဆိုတာတော့ သိတဲ့သူ နည်းမယ်ထင်ပါတယ်။ ဒီတော့ အချိုရည်တွေကို လေ့လာကြည့်ရအောင် 📄
ကျွန်တော်တို့ ဝယ်သောက်နေကျ (ကိုလာ၊ ကျွဲရိုင်း၊ ပက်ပ်ဆီ စတဲ့) ဂတ်စ်သံဘူး အချိုရည် ၁ဘူးမှာ အကြမ်းဖျင်းအားဖြင့်
📛 သကြား ၈ဇွန်းကနေ ၁၂ဇွန်း ဝန်းကျင် (၃၃ဂရမ် ကနေ ၅၀ဂရမ် ဝန်းကျင်) ပါဝင်ပြီး ဒါဟာ ၁နေ့တာ စားသုံးသင့်တဲ့ သကြားပမာဏထက်ကို ကျော်လွန်နေတာ ဖြစ်ပါတယ်။ စဥ်းစားကြည့်ရင် အတော်လေး ကြောက်ဖို့ ကောင်းပါတယ်။ တစ်နေ့လုံးစာ (အသီးအနှံ၊ သရေစာ၊ ထမင်းဟင်း စတာတွေကနေ) ဖြည်းဖြည်းချင်းစားရမယ့် သကြားပမာဏကို ၁ဘူးတည်းသောက်လိုက်ရုံနဲ့တင် ပိုများသွားတာပါ
⚠️
သကြားပမာဏ အများကြီး ဝင်လာခြင်းကို ခန္ဓာကိုယ်က ခံနိုင်ရည် မရှိပါဘူး။ ဒီလို အချိုရည်များများသောက်တဲ့အခါ ဖြစ်လာတတ်တဲ့ ရောဂါတွေကတော့

🦷 သွားပိုးစားခြင်း - ပါးစပ်ထဲမှာ ဘက်တီးရီးယားပိုးတွေ ပေါက်ဖွားမှုကို အားပေးတဲ့ အတွက်ကြောင့်ပါ။

⚖️ ဝိတ်တက်ခြင်း - သကြားနဲ့ ကယ်လိုရီ ပါဝင်မှုများတတ်တဲ့ အတွက် သောက်ဖို့ လွယ်သလောက် ဝိတ်တက်ဖို့လည်း မြန်ဆန်ပါတယ်။ ဝိတ်တက်ခြင်း အဝလွန်ခြင်းတွေက စိတ်ရော ကိုယ်ပါ ထိခိုက်စေတဲ့ အခြေအနေဖြစ်ပါတယ်။

🫀 နှလုံးရောဂါ - ဝိတ်တက်ခြင်းရဲ့ နောက်ကနေ အတွဲလိုက်ပါလာတတ်ပါတယ်။ တစ်ကိုယ်လုံးကို သွေးတွေ ထုတ်လွှတ်ပေးနေတဲ့ နှလုံးကို ထိိခိုက်ခြင်းကလည်း ဆိုးကျိုးတွေကိုပဲ ဦးတည်စေပါတယ်။

🧠 လေဖြတ်ခြင်း - အဝလွန်လာတဲ့အခါ လေဖြတ်ခြင်း လေဖြန်းခြင်း စတဲ့ ရောဂါတွေ ဖြစ်နိုင်ခြေကလည်း မြင့်တက်လာပါတယ်။ လေဖြတ်ခြင်းဟာ မိမိကိုယ်တိုင်အတွက်လည်း ခံစားရသလို ဘေးလူတွေအတွက်လည်း ဒုက္ခများစေပါတယ်။

🩸 ဆီးချိုရောဂါ - အထူးတလည်တောင် ပြောဖို့ မလိုတော့ပါဘူး။ များပြားလှတဲ့ အချိုတွေကို ခန္ဓာကိုယ်က မထိန်းနိုင်တော့တဲ့အခါ သွေးထဲနဲ့ ဆီးထဲမှာ သကြားပမာဏ များပြားလာပြီး ဆီးချိုဖြစ်လာပါတယ်။ ဆီးချိုရဲ့ နောက်ဆက်တွဲတွေဖြစ်တဲ့ အနာမကျက်လွယ်လို့ ခြေချောင်းတွေ -ဖြ-တ်-တောက်-ရခြင်းက စလို့ ကျောက်ကပ်ပျက်စီးခြင်း အထိ ထည့်စဥ်းစားရမှာ ဖြစ်ပါတယ်။

ဒါဆို အချိုရည်တွေကို နိုင်ငံတကာမှာရော မတားဆီးဘူးလား? 🌐
တားဆီးပါတယ်။ Sugar tax လို့ခေါ်တဲ့ သကြားပါဝင်မှု ပမာဏများလေလေ အခွန်တိုးဆောင်ရလေလေ ဆိုတဲ့ မူဝါဒ ရှိပါတယ်။ အဂ်လန်မှာဆိုရင် ထုတ်လုပ်သူ တင်သွင်းဖြန့်ဖြူးသူတွေက ၁၀၀မီလီလီတာတိုင်း သကြားပါဝင်မှု ၅ဂရမ်ကျော်ပါက ၁၈ပဲနိ၊ ၈ဂရမ်ကျော်ပါက ၂၄ပဲနိ စသည်ဖြင့် အခွန်အတုတ်ကို တိုးပြီးပေးရတာပါ။ ၅ဂရမ်အောက်ဆိုရင်တော့ မပေးရပါဘူး။ အမေရိကန်ပြည်နယ်များ၊ ပြင်သစ်၊ မက္ကဆီကို၊ နော်ဝေ အစရှိတဲ့ နိုင်ငံကြီးတွေမှာလည်း အလားတူ မူဝါဒတွေ ချမှတ်ထားပါတယ်။ ✅

ဒီလို ရောဂါ များစွာ ဖြစ်စေပြီး နိုင်ငံတကာမှာလည်း သောက်သုံးမှု လျော့ကျစေဖို့ ကြိုးစားနေကြတဲ့အချိန် ကိုယ်က ဘာမှ မဖြစ်သလိုပဲ ဘူးလိုက်မော့သောက်နေတာက တကယ်တော့ အဆင်မပြေလှပါဘူး။ တချို့ကျတော့လည်း ကိုယ်တိုင် သောက်ချင်လို့ မဟုတ်ဘဲ ဧည့်သည်လာရင် ချတိုက်ဖို့အတွက် ဝယ်ထားရင်းကနေ ကိုယ်တိုင်လည်း ယူသောက်ဖြစ်၊ သူများကိုလည်း ချတိုက်ဖြစ်ပြန်ပါတယ်။ ဒါကလည်း ကျွန်တော့် အမြင်ပြောရရင် ယဥ်ကျေးမှုလို့ မမည်တော့ဘဲ ရောဂါမျှဝေတယ်လို့တောင် ဆိုရမလို ဖြစ်နေပါတယ်။ 🙅🏻

ဒါကြောင့် ဒီနေ့ကစပြီး အချိုရည်ဘူးတွေဝယ်ထားတဲ့ အကျင့်ကို ဖျောက်လိုက်ပါ။ မျက်စိရှေ့မှာ ရှိနေရင် သောက်ဖြစ်တာ မို့လို့ပါ။ သူများအိမ်သွားလည်လို့ အချိုရည် တိုက်ရင် အပြင်ထွက်စားလို့ သောက်ဖြစ်ရင်လည်း အတတ်နိုင်ဆုံး လျှော့သောက်ပါ။ အဲ့ဒီအစား
💧 ရေ
🥛 အဆီထုတ်ထားတဲ့ နွားနို့
🫖 ရေနွေးကြမ်း
🧃 အသီးဖျော်ရည်စစ်စစ်
🍹 Detox Water

စတာတွေနဲ့ အစားထိုးကြည့်ပါ။ အေးတာကြိုက်ရင် ရေခဲသေတ္တာထဲ ထည့်ပြီးသောက်ပါ။ ဒီအစားထိုးမှုက တစ်နေ့ချင်းမှာ မသိသာပေမယ့် နောင် ၅နှစ် ၁၀နှစ်မှာ သင့်ခန္ဓာကိုယ်က သင့်ကို ကျေးဇူးတင်နေပါလိမ့်မယ် 😇
သင့်ရဲ့ အသိမိတ်ဆွေ အအေးကြိုက်တတ်သူတွေကိုလည်း ဒီ post လေးကို မျှဝေပြီး ကျန်းမာရေးအသိပညာပေးရင်း ကုသိုလ်ယူလိုက်ပါ 😊