"ပြုံးပြုံးလေးနေပါ"
ဖေးမ,မယ့်သူရှိသလို
ဆွဲချမယ့်သူလည်းရှိမယ်။
အားပေးမယ့်သူရှိသလို
ရှုပ်ချမယ့်သူလည်းရှိမှာပဲ။
ချီးမွမ်းမယ့်သူရှိသလို
ကဲ့ရဲ့မယ့်သူလည်းရှိဦးမယ်။
မြှင့်တင်မယ့်သူရှိသလို
ပုပ်ချမယ့်သူလည်းရှိနေမှာပါ။
လူဆိုတာ စရိုက်ခြင်းမတူညီလေတော့
အကြိုက်ခြင်းလည်း မတူနိုင်ဘူးရယ်။
ဒါ့ကြောင့် ကိုယ့်လမ်းကိုယ်ထွင်
စိတ်ရွှင်ရွှင်နဲ့ကိုယ့်လမ်း
ကိုယ့်ဆက် စိတ်မပျက်ဘဲ။
ကိုယ့်လမ်းကိုယ်လျှောက်
စိတ်မနောက်လိုက်ပါနဲ့။
ရွေးချယ်ထားတဲ့ ကိုယ့်ရဲ့
ဘဝမှာ တွေ့ကြုံနေရတဲ့
အရာမှန်သမျှကို
ခပ်ပြုံးပြုံးနေပြီး ရင်ဆိုင်ကျော်လွှားပစ်လိုက်ပါ။
မူရင်းတင်သူကို Credit ပေးပါတယ်။
0 Comments:
Post a Comment