"စိတ်ညစ်ရင် ဒီစာလေးကိုဖတ်ပါ"
********************************
မာနတွေ သိပ်မထားပါနဲ့ ။
မထားသင့်တဲ့ မာန်မာနကသင့်ကမ္ဘာကို ကျဉ်းမြောင်းစေပါတယ်။
အပြုံးတွေက တစ်ဖက်လူကို ပျော်ရွှင်စေသလိုကိုယ်တိုင်လည်း ပီတီ ဖြစ်စေတယ်။
""လူတိုင်းမှာ ဝမ်းနည်းစရာဆိုတာ အမြဲရှိပြီးသားပါ။
သင့်တစ်ယောက်တည်း မပျော်ရွှင်ပဲ ဝမ်းနည်းနေရတာ မဟုတ်ဘူး။
""ဘဝဆိုတာ ဒင်္ဂါပြားတစ်ခုလို့မျက်နှာပြင်နှစ်ဖက် ခေါင်းနဲ့ ပန်းလိုပါပဲ။
အဆိုးတွေပြီးရင် အကောင်းဆုံးတွေ တစ်ကျော့ပြန်လှည့်လာမှာပါ။
"" ဖြေရှင်းလို့ရတာတွေ ဆက်ဖြေရှင်းပါ။ ဖြေရှင်းလို့မရတာတွေ ပစ်သာထားလိုက်ပါ။
အချိန်တစ်ခုကြာတော့လည်းအပြောင်းအလဲတွေနဲ့ သင်ကံကြမ္မာတစ်ခါပြန်ကံကောင်းလာမှာပါ။
""အရေးကြီးတာက ဘယ်အရာတွေကိုပဲဖြစ်ဖြစ် ရင်ဆိုင်ရဲတဲ့စိတ်နဲ့
ရင်ဆိုင်ချင်စိတ်လေးရှိဖို့လိုတယ်။
"" တစုံတစ်ယောက်ဆီကမျှော်လင့်ချက်တွေထင်သလို ဖြစ်မလာတဲ့ အခါ
မျှော်လင့်ချက်တွေကို လျှော့ချပစ်ပါ။
""အကြိမ်များစွာ သင် မျှော်လင့်သလို မတုန့်ပြန်တဲ့သူဟာ သင်လိုချင်တဲ့အရာ
သူ့မပေးနိုင်ဘူးဆိုတာ သင့် နားလည်ထားဖို့ လိုတယ်။
"" သင့်ကို မနာလိုသူ ၊ မလိုလားအပ်သူ၊ သင့်ကို စွန့်ခွာသွားသူတွေကို မမုန်းတီးပါနဲ့။
မသိသလိုသာနေလိုက်ပါ။
""မေတ္တာဆိုတာ ကျယ်ပြန့်တတ်သလိုရောင်ပြန်ဟပ်စေပါတယ်။
သင့်မျှော်လင့်ထားတဲ့သူဆီက မေတ္တာမရလဲအခြားလူတွေဆီက ချစ်ခြင်းမေတ္တာတွေ
အပြည့်အဝ ရစေနိုင်ပါတယ်။
"" သင့်ကိုဂရုစိုက်သူ အလေးထားသူတွေကိုပဲတတ်နိုင်သလောက်မမေ့လျော့ပါနဲ့ ။
သူတို့ရဲ့တန်ဖိုးထားမှုကို အသိအမှတ်ပြုပြီး တုန့်ပြန်ပါ။
""ဘာလို့လဲဆိုတော့သူတို့က ကိုယ့်ရဲ့အသက်ရှင်ရပ်တည်မှုကိုပိုပြီး အဓိပ္ပါယ်ရှိအောင်
လုပ်ပေးတဲ့သူတွေမို့ပါ။
"" ဖြစ်ချင်တာတွေ တစ်ထပ်ချင်းဖြစ်အောင်ဖြည်းဖြည်းချင်းလုပ်ယူပါအရမ်းကြီး ဆန္ဒ သိပ်မစောပါနဲ့။
ဒီနေ့မဖြစ်လဲ နောက်နေ့ရှိသေးတာပဲနေ့တိုင်းအကျိုးရှိစွာလုပ်ဆောင်နေဖို့သာအဓိကပါ။
"" နေ့ရက်တိုင်းကစပြီး ဒီနေ့ထိ သင့်စိတ်ညစ်နေရင်ပျော်ရွှင်စရာလေးတစ်ခုခုတော့ရှာဖွေပါ။
ဥပမာ။ ။ ဟာသ VDယိုလေး၊ ရီမောစရာကာတွန်းလေးတွေ ၊ ရီစရာပြောတတ်သောသူငယ်ချင်းတွေ
အစရှိသဖြင့်ပြုံးရီစရာလေးတွေနဲ့ အာရုံပြောင်းနိုင်အောင် ကြိုးစားပါ။
"" လူသားတိုင်း မပျော်ပဲ ပြုံးနေရတဲ့ ဘဝဆိုတာ အမြဲရှိပြီးသားပါ။
""တချို့လူတွေပျော်ရွှင်နေရတယ်ဆိုတာစိတ်ညစ်စရာလုံးဝမရှိလို့မဟုတ်ဘူး။
""သူတို့ကိုယ်တိုင်က ပျော်ပျော်နေတတ်လို့ပါပြီးတော့ ပျော်ရွှင်ခြင်းဆိုတာ သင်ကိုယ်တိုင် ဖန်တီးယူရတာပါ။
""ကိုယ့်ကိုယ်ကို ကံအဆိုးလို့ ဘယ်တော့မှမတွေးပါနဲ့ ။
သင့်ဘဝ ဘယ်လောက်ဆိုးရွားပါစေကိုယ့်ထက်ဆိုးရွားတဲ့လူတွေ
ကိုယ့်ထက်ကံဆိုးတဲ့သူတွေ ဒီကမ္ဘာပေါ်မှာ တစ်ပုံကြီးပါ။
""အတွေးလေးတစ်ခု ပြောင်းလဲတွေးခေါ်တတ်ဖို့ပဲ လိုပါတယ်။
""နောက်ဆုံးတစ်ခုကတော့ ကံဆိုတာအလုပ် အလုပ်ဆိုတာကံပါ။
ဆိုးတာတွေ လုပ်နေရင် အဆိုးတွေချည်းပဲကြုံတွေ့နေရမှာပါ။
""ဒါကြောင့် သင်အမြဲကောင်းတာတွေလုက်ကိုင် ကြံစည်လုပ်ကိုင်နေရင်
တနေ့တော့ သင်အမြဲကံကောင်းလာမှာ ဧကန်မုချမလွဲပါပဲ ။
""ဒီလောက်ဆို စာဖတ်သူတွေဖတ်လို့ဝပြီး ဖတ်ရကျိုးနပ်မှာပါ။
ကိုယ့်စာလေးက စာဖတ်သူတွေအတွက်အားတက်စရာဖြစ်ပါစေ။
မူရင်းတင်သူကို Credit ပေးပါတယ်။
0 Comments:
Post a Comment