• Linked In
  • Twitter link
  • Facebook Link
  • Google Plus

Saturday, March 8, 2025

ကျောက်ကပ်ထိမှာစိုး၍ဆေးအများကြီးမသောက်ချင်ရင်

March 08, 2025 // by Sayar Setpaing // // No comments

 


ဖြည့်စွက်စာတွေဝယ်မသောက်နိုင်လျှင်သော်လည်းကောင်း၊
ကျောက်ကပ်ထိမှာစိုး၍ဆေးအများကြီးမသောက်ချင်လျှင်သော်လည်းကောင်း
ဆရာမကြီး ဒေါက်တာ ဒေါ်ခင်နွယ်ဝင်းက (To A Better Health)
သဘာဝနည်းလေးတွေကို ဒီလို ပြောပြထားပါတယ်။

၁. Vitamin D အတွက် မနက်ခင်း နေရောင်ခြည်ခံပေးပါ။
နေပူထဲမှာ နာရီဝက်လောက်နေပါ။
အိမ်အပြင်ထွက်ရမှာဖြစ်ပါတယ်။ အိမ်ထဲမှာနေပြီး လှမ်းမရပါ။
အိမ်ပြင်မှာUltra violet B rayရနိုင်လို့ ဖြစ်ပါတယ်။
Vitamin D ရဖို့ B ray လိုပါတယ်။
အိမ်ထဲမှာ ပြတင်းပေါက်ကနေတဆင့် ရသောနေရောင်ခြည်မှာ
A ray သာ ဖြစ်ပါတယ်။
B ray က ပြတင်းပေါက်ကို မဖောက်နိုင်ပါ။
A ray က Vitamin D မလုပ်နိုင်ပါ။

၂. အပြင်ထွက်ရင်း တလက်စတည်း မြေကြီးဓာတ်ကိုပါယူလိုက်ပါ။
မြေကြီးမှာ electron ဓာတ်တွေ အများကြီးရှိတာကတစ်ကြောင်း၊
သူတို့တွေက ဝါယောဓာတ်တွေ ဖြစ်တာမို့ ရွေ့လျားနိုင်ပါတယ်။
များတဲ့နေရာကနေ နည်းတဲ့နေရာကို ရွေ့လျားတတ်တာကြောင့်
မြေကြီးကနေခန္ဓာကိုယ်ထဲကိုဝင်နိုင်ပါတယ်။
စိုနေတဲ့မြက်ခင်းဆိုရင် အင်မတန်သင့်တော်ပါတယ်။
အစိုဓာတ်ရှိရင် စီးဝင်ခြင်းဟာ ပိုပြီးထိရောက်ပါတယ်။
ဖိနပ် မစီးရပါ။
ဒီ electr on ဓာတ်ဟာ ခန္ဓာကိုယ်ယောင်ကိုင်းခြင်းကို သက်သာစေနိုင်ပါတယ်။
သဘာဝ antioxidants တွေ ဖြစ်ပြီး သွေးကိုလည်းကျဲစေတတ်တာ
ကြောင့် လေဖြတ်ထားသူများ၊ နှလုံးသွေးကြောပိတ်သူများ
အတွက် အလွန်သင့်တော်ပါတယ်။

၃. D3 နဲ့ အတူသောက်ခိုင်းတဲ့ Vitamin K2 ကို သဘာဝနည်းနဲ့ အရယူကြရအောင်။
- ရှမ်းတို့ဖူး (Natto)(Plant based MK7)
- ကလီစာဟင်း (Animal based MK4 )
- ကြက်ဥအနှစ် (Animal Based MK4)

၄. Probiotics အလှမ်း မမှီနိုင်ရင်
- ချဉ်ဖတ် စားပါ။
- ဒိန်ချဉ် စားပါ။
- ဗမာအချဉ်ရော၊ ရှမ်းချဉ်ရော အလွန်ကောင်းပါတယ်။

၅. နနွင်းကို ( အုန်းဆီ/သံလွင်ဆီ ) နဲ့ သောက်ပါ။

၆. အသီးအနှံနှင့်အစိမ်းရောင်အရွက်များများစားပါ။

၇. အရိုးပြုတ်ရည် သောက်ပါ။ ( ကြက်ရိုး၊ အမဲရိုး၊ ဆိတ်ရိုး..)
၈. ရှားစောင်းလက်ပတ် စားပါ။ အူလမ်းကြောင်းပြုပြင်ရေးအတွက်ကောင်းပါတယ်။
၉. အုန်းရည် သောက်ပါ။ သတ္တုဓာတ်မျိုးစုံရမှာဖြစ်ပါတယ်။
၁၀. နွယ်ချိုက အူကျန်းမာရေးအတွက်ကောင်းပါတယ်။
၁၁. ဆားခါးရေ စိမ်ပါ။ Magnesium အလှမ်းမမှီသူများအတွက်ပါ။
၁၂. သစ်ကြားသီး စားပါ။ Plant based Omega3 ရပါတယ်။
၁၃. တတ်နိုင်ရင် တစ်ခါတရံ အဆီများသော ငါး စားပါ။
၁၄. အချဉ်ဓာတ် VitaminC ရစေရန် ငရုတ်ပွသီး၊ သံပုရာသီး၊ ရှောက်သီး၊
ဆီးဖြူသီး၊ လိမ္မော်သီး၊ ကျွဲကောသီး၊ မာလကာသီး၊ ကီဝီသီး၊
ဘယ်ရီသီးအမျိုးမျိုး၊ပန်းဂေါ်ဖီစိမ်း၊ ကင်ပွန်းချဉ်၊ ချဉ်ပေါင်ရွက်
အစရှိသည်တို့ကို စားသုံးပါ။
အာလူးနဲ့ကန်စွန်းဥတို့မှာလည်းဓာတ်တွေပါဝင်ပါတယ်။

၁၅. Zinc ဇင့်ဓာတ်ရရှိစေရန် ပင်လယ်စာနဲ့ အနီရောင်အသားများ၊
ကြက်ဥ၊ နို့နှင့်နို့ထွက်ပစ္စည်းများ၊ အုတ်ဂျုံ၊ ပဲအမျိုးမျိုး၊ မှို၊
ကညွတ်၊ ကိုက်လန်၊ ရုံးပတီသီး၊ ပန်းပွင့်စိမ်း၊ ဟင်းနုနယ်၊
ပြောင်းဖူးစသောဟင်းသီးအရွက်များနှင့်ကွာစေ့၊ ဖရုံစေ့
ကဲ့သို့သော အစေ့အဆန်များ စားသုံးပါ။

၁၆. Anti-viral အနေဖြင့် ဂျင်း၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ နနွင်း၊
သစ်ကြံပိုးများစားသုံးပေး၍ ရေနွေးကြမ်း green teaသောက်ပါ။
ရေများများသောက်ပါ။ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းများ
နေ့စဉ် အနည်းဆုံး ၁၅မိနစ် ပုံမှန် ပြုလုပ်ပါ။

ကျန်းမာရေးအတွက်....မျှဝေလိုက်ပါတယ်။
မူရင်းရေးသားသူကို Credit ပေးပါတယ်။

0 Comments:

Post a Comment