• Linked In
  • Twitter link
  • Facebook Link
  • Google Plus

Sunday, March 23, 2025

အပြုံး

March 23, 2025 // by Sayar Setpaing // // No comments

 


" အပြုံး "
ကိုယ့်အကြောင်း မကောင်းပြောနေတဲ့အခါ
လှပစွာ ပြုံးနေလိုက်ဖို့ ကြိုးစားပါ။

ကိုယ့်အပေါ်ကိုကဲ့ရဲ့ စောင်းမြောင်းနေတဲ့အခါမှာလဲ
တည်ငြိမ်စွာ ပြုံးနေလိုက်ဖို့ ကြိုးစားပါ။

ကိုယ့်အပေါ်ကို ဆဲဆို ရိုင်းပြနေရင်လည်း
ရင့်ကျက်စွာ ပြုံးနေလိုက်ဖို့ ကြိုးစားပါ။

"အပြုံး" ဆိုတာ
အနိုင်ယူချင်နေတဲ့တစ်ဖက်လူကို
ကိုယ်ကအနိုင်ယူလိုက်တဲ့လက်နက်မဟုတ်လား။

သူ့လုပ်ရပ်ကို ကိုယ့်ဘက်က တွေးတောပြီး
လိုက်ခံစားနေမယ်ဆိုရင် ကိုယ့်ပဲရှုံး သွားမှာပေါ့။

ဒါကြောင့် ဘာပဲဖြစ်ဖြစ် ဘာပဲကြားကြား ဘာပဲမြင်မြင်
ပြုံးပြီး နေကြည့်လိုက်ပါ။

တစ်ဖက်လူအတွက် အင်မတန် ခံရခက်စေတဲ့
အနိုင်ယူနည်းပါ။

0 Comments:

Post a Comment