ဂရုမစိုက်နဲ့
သင့်ကို ဂရုမစိုက်တဲ့သူတွေကို သင် ဂရုစိုက်စရာ မလိုပါဘူး ။ တချို့လူတွေက သူတို့ကို ဂရုစိုက်လေလေ ၊သင့်ကို တန်ဖိုးမထားလေလေပါပဲ ။ ဒီတော့ သူတို့ကို လိုက်ဂရုစိုက်နေမှာထက် ကိုယ့်ကိုယ်ကို ပိုဂရုစိုက်လိုက်ပါ ။
လူ့ခွစာတွေကို ဝေးဝေးက ရှောင်ပါ
တချို့လူတွေက အခြားသူ ဘာလုပ်လုပ် အမြဲအပြစ်ပြောတတ်ကြတယ် ။ ဘုကလန့် တိုက်တတ်တယ် ။ ဂျစ်ကန်ကန်နဲ့ စိတ်ထဲရှိရင် ရှိသလို မဆင်မခြင် စကားတွေ ပြောတတ်ကြတယ် ။ ဒီလို အဆိုးမြင်ဝါဒီရှိသူတွေကို ရှောင်ရှားပါ ။ အဆိုးမြင်စိတ်ဓာတ်က သင့်ကိုပါ ကူးစက်လာစေနိုင်လို့ပါ ။ တစ်ခုခုကို အမြဲသင်ယူလေ့လာနေပါ
“ပညာလို အိုသည်မရှိ” ဆိုသလိုပဲ ဘယ်အတတ်ပညာမဆို သင်ယူဖို့ ဝန်မလေးပါနဲ့ ။ ငါ့ အသက်အရွယ်ကြီးနဲ့မသင့်တော်ပါဘူးလေ၊ ငါငယ်သေးလို့ မလိုသေးပါဘူးဆိုပြီးမတွေးပါနဲ့ ။ အရမ်းမတွေးပါနဲ့
အတိတ်က အဖြစ်အပျက်တွေ အတိတ်က အကြောင်းအရာတွေကို အရမ်းမတွေးပါနဲ့ ။
အတိတ်မှာ အမှတ်ရစရာ အများကြီး ရှိကောင်းရှိခဲ့မှာပါ။ ဒါပေမဲ့ အတိတ်ဆိုတာ အချိန်တစ်ခုမှာ ပြီးသွားခဲ့ပြီးသား အဖြစ်အပျက်တွေပါ ။ နောက်ထပ်ဖြစ်လာမယ့် အနာဂတ်တွေကို လှပနေစေဖို့သာ ကြိုးစားပါ ။ ကိုယ့်ကိုယ်ကို တန်ဖိုးထားပါ
ကိုယ်ကျင့်တရားကောင်းတဲ့သူက လောကမှာ တန်ဖိုးအရှိဆုံးပါ ။ ကိုယ့်ကိုယ်ကို အမြဲတမ်းတိုးတက်အောင် ကြိုးစားပါ ။ ကိုယ်စိတ်နှလုံး ဖြူစင်လာအောင် အမြဲကြိုးစားပါ ။ စိတ်ကောင်းကောင်းထားပါ ။ ထင်ချင်သလို ထင်ကြပါစေ
လူအမျိုးမျိုး ၊ စိတ်အထွေထွေရှိတယ်ဆိုသလိုပဲလူတစ်ယောက်နဲ့တစ်ယောက် တန်ဖိုးထားတာတွေ ၊ ခံယူချက်တွေနဲ့ အမြင်တွေ မတူညီကြပါဘူး ။ ကိုယ့်အကြောင်းနဲ့ကိုယ် ရှိကြတာမို့ ကိုယ် မှန်တယ်လို့ ယုံကြည်တဲ့အရာကို ရဲရဲသာလုပ်ပါ ။ အခြားလူတွေ ဘယ်လိုထင်သလဲဆိုတာ အရေးစိုက်မနေပါနဲ့ ။
မူရင်းရေးသားသူကို Credit ပေးပါတယ်။
0 Comments:
Post a Comment