ပိုးစေးနှဲ(Mealybug)နှိမ်နှင်းနည်း
********************************
အလှသစ်ပင်၊ပန်းပင်၊သီးပင်စားပင်များတွင်တစ်ခါတစ်ရံတွေ့ရသော Mealybug ခေါ် ပိုးစေးနှဲသည် အပင်စိုက်သူများအတွက်အရမ်းဒုက္ခတွေ့ရသောဖျက်ပိုးတစ်မျိုးဖြစ်သည်။ထိုပိုးကျရောက်လျှင်သီးနှံပင်တွင် အသီးမအောင်အသီးမတင်ဖြစ်ခြင်း၊ ပန်းပင်ဖြစ်လျှင် အပွင့်မတင်စေဘဲအပင်အားချိနဲ့လာပာ ပုတ်ရိသေဆုံးတာမျိုးဖြစ်ရပါတယ်။

လေး၊ succulent ပင်များတွင်လည်းအရွက်အောက်ခြေအပင်စည်ထိပ်တို့တွင်အမြဲတွေ့ရလေ့ရှိပါသည်။



(1) အရက်ပျံ တစ်ဖုံးစာ + ပန်းကန်ဆေးဆပ်ပြာဆီ တစ်ဖုံး + စားသုံးသည့်ဆီတစ်ဖုံး + ရေတစ်လီတရောစပ်ပြီး တစ်ပင်လုံးအနှံ့ဖြန်းပေးပါ။
(2) Dettol ဆေးရည်လက်ဖက်စားဇွန်း တစ်ဇွန်း + ပန်းကန်ဆေးဆပ်ပြာရည် တစ်ဇွန်း + ရေတစ်လီတာရောစပ်ပြီး ဖြန်းပေးပါ။
(3) ဗီနီကာတစ်ဖုံး + ဂျင်းထောင်းအရည်ညှစ် တစ်ဖုံးစာ+ရေတစ်လီတာရောစပ်ပြီးဖြန်းပေးပါ။
(4) အင်ဖာနိုဆေး လက်ဖက်စားဇွန်း လေးပုံတစ်ပုံ + ရေတစ်လီတာရောစပ် ပြီးဖြန်းပေးပါ ( ဆေးရည်မဖြန်းမီအပင်ကို ရေဖြင့်အရင်ဖြန်းပေးပြီးမှဆေးရည်ရောစပ်ထားတာကိုဖြန်းပေးရပါမည်။ )
ဆေးရည်ဖြန်းပြီးနောက်ရက်တွင် ဆပ်ပြာရည်တစ်ဖုံး + ရေတစ်လီတာရောစပ်ပြီး ထပ်မံဖြန်းပေးရပါမည်။
အထက်ပါနည်းများထဲမှ မိမိတို့ထံမှာလွယ်လင့်တကူရှိသောပစ္စည်းများဖြင့်လုပ်ဆောင်ရန်လွယ်သောနည်းကိုရွေးချယ်ကာ ပိုးစေးနှဲရန်မှကာကွယ်နိုင်ကြပါစေ။
မူရင်းရေးသားသူကို Credit ပေးပါတယ်။
0 Comments:
Post a Comment