• Linked In
  • Twitter link
  • Facebook Link
  • Google Plus

Sunday, March 23, 2025

စိတ်ချမ်းသာချင်ရင်မသိချင်ယောင်ဆောင်လိုက်ပါ

March 23, 2025 // by Sayar Setpaing // // No comments



""စိတ်ချမ်းသာချင်ရင်မသိချင်ယောင်ဆောင်လိုက်ပါ""

🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿
"နေရာတကာ အလိုက်သိတာက ကောင်းတယ်ဆိုပေမဲ့
"တချို့အရာတွေက မသိချင်ယောင်ဆောင်တတ်ရတယ်။
ဒါမှ စိတ်ချမ်းသာရမှာပါ ။

"သင်မရှိရင် မဖြစ်ဘူးဆိုတာ လောကမှာမရှိဘူး။

"နေအလင်းရောင် တစ်ခုတည်းနဲ့ ကမ္ဘာကြီးလင်းနေရင်
"ညဆိုတာ ဖြစ်လာမှာမဟုတ်ဘူးလေ ။

"ဘဝမှာ နေရာတကာ လိုက်ပြီးတွေးပေးနေရင်
ကိုယ်ပဲပင်ပန်းရလိမ့်မယ်။

"လွှတ်ချသင့်တဲ့အရာတွေကို"လွှတ်ချတတ်အောင်သင်ယူပါ။

"ဆွဲထားသမျှ ပူလောင်နေရင်
အဲ့ဒီရပ်ဝန်းမှာ ကြာကြာမနေနဲ့ မလိုအပ်တော့ဘူးဆိုရင်
သိသာစွာပြောင်းလဲတတ်တာ လူ့သဘာဝပါ။

"ဒါကြောင့်မှန်နေရင်တောင် မငြင်းနဲ့ တိတ်ဆိတ်နေခြင်းက
ပညာပါ၊ မြင်နေရင်တောင် မပြောပဲနေရမဲ့အနေအထားဆိုရင်
မသိချင်ယောင်ဆောင်ထားလိုက်ပါ။

"တချို့တွေကစေတနာရဲ့ တန်ဖိုးကို နားလည်မှာမဟုတ်ဘူး ။
"ဘဝမှာအများကြီးပေးလို့ အများကြီးပြန်ရတာဆိုလို့ မေတ္တာပဲရှိတယ်။
"ဒါပေမဲ့ မေတ္တာနဲ့ မထိုက်တန်တဲ့သူကိုပေးမိတဲ့အခါ
"ပြန်ရတာက နောင်တဆိုရင် အဲ့ဒီနောင်တအပေါ် ဒေါသဖြစ်ခြင်းကြောင့်
ပေးသမျှမေတ္တာတွေက ဒဏ်ရာအဖြစ်ပြန်ရမဲ့အတူတူ
"မသိချင် ယောင်ဆောင်လိုက်တာက ပိုအေးချမ်းပါတယ်။

မူရင်းရေးသားသူကို Credit ပေးပါတယ်။

0 Comments:

Post a Comment