• Linked In
  • Twitter link
  • Facebook Link
  • Google Plus

Friday, March 7, 2025

ကမ္ဘာ့အသက်အကြီးဆုံး ဆံပင်ညှပ်သမား

March 07, 2025 // by Sayar Setpaing // // No comments

 



ဂျပန်နိုင်ငံရှိ အသက် ၁၀၈ ရှစ်နှစ်အရွယ် ဂျပန်အဘွားအိုက ကမ္ဘာ့အသက်အကြီးဆုံး ဆံပင်ညှပ်သမားအဖြစ် ဂင်းနစ်စံချိိန်တင်ခဲ့ကာ သူသည် အသက် ၁၁၀ အထိတိုင်အောင် အလုပ်ဆက်လက်လုပ်ကိုင်သွားမည် ဖြစ်ကြောင်း ကတိပြုပြောကြားခဲ့သည်။
၁၉၁၆ ခုနှစ်တွင် မွေးဖွားခဲ့သည့် ရှိဆုအီ ဟာကိုအိရှိသည် တိုကျိုမြို့တော်ရှိ ဆံပင်ညှပ်ဆိုင်တစ်ဆိုင်တွင် အကူအဖြစ် ဝင်ရောက်လုပ်ကိုင်လိုခြင်းရှိမရှိ ၎င်းသူငယ်ချင်းဖြစ်သူ၏ မိခင်က မေးမြန်းခဲ့ရာမှ အသက် ၁၄ နှစ်အရွယ်တွင် ဆံပင်ညှပ်သမားတစ်ဦးဖြစ်လာရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
အဘွားအို ဟာကိုအိရှိသည် ၎င်း၏ကိုယ်ပိုင်ကက်ကြေးများကို အသုံးပြုနေဆဲဖြစ်ပြီး ယခုသီတင်းပတ်အတွင်း ဂင်းနစ်စံချိန်တင် အခမ်းအနားသို့ ၎င်း၏အသက် ၈၅ နှစ်အရွယ် သမီးဖြစ်သူနှင့် အသက် ၈၁ နှစ်အရွယ် သားဖြစ်သူတို့နှင့်အတူ တက်ရောက်လာခဲ့ခြင်း ဖြစ်သည်။
“ကျွန်မအရမ်း ပျော်ရွှင်မိပါတယ်”ဟု အဘွားအို ဟာကိုအိရှိက ဆိုသည်။
အသက်အကြီးဆုံး ဆံပင်ညှပ်သမား စံချိန်အတွက် အမျိုးသားနှင့်အမျိုးသမီးဟူ၍ ခွဲခြားထားသော်လည်း နယူးယောက်မှ အသက်အကြီးဆုံး အမျိုးသားဆံညှပ်သမားဖြစ်သည့် အန်သိုနီမန်စီနယ်လီသည် အသက် ၁၀၇ နှစ်အရွယ်တွင် ကွယ်လွန်ခဲ့ကြောင်း ဂင်းနစ်ကမ္ဘာ့မှတ်တမ်းက ဆိုသည်။


0 Comments:

Post a Comment