• Linked In
  • Twitter link
  • Facebook Link
  • Google Plus

Saturday, March 8, 2025

စံပယ်ပန်းပင် အမြဲပွင့်အောင်ပြုစုနည်း

March 08, 2025 // by Sayar Setpaing // // No comments

 


စံပယ်ပန်းပင် အမြဲပွင့်အောင်ပြုစုနည်း

မိမိအိမ်မှာစိုက်ပျိုးထားတဲ့ စံပယ်ပန်းပင်တွေကို ပန်းအမြဲပွင့်ပြီး ဝေဆာနေအောင် ဒီနည်းလမ်းတွေကို အသုံးပြုပေးပါ။

၁။ မြေလဲပေးပါ။
အိုးနဲ့စိုက်ပျိုးထားတဲ့ စံပယ်ပန်းပင်တွေကို မြေဟောင်းတွေကိုထုတ်ပြီး မြေဆွေးအသစ်တွေ ထည့်ပေးရပါမယ်။ နွားချေးဆွေးတွေကိုလဲ ထည့်ကျွေးပေးထားလိုက်ပါ။

၂။ ကိုင်းဖြတ်ပေးပါ။
အပွင့်မပွင့်တဲ့ စံပယ်ပန်းပင်တွေမှာရှိတဲ့ ကိုင်းထိပ်တွေကို ဖြတ်ပေးရပါမယ်။ ဒါမှ ဖြတ်ထားတဲ့ကိုင်းတက်တွေကနေ အညွန့်တက်တွေ ထပ်ထွက်လာပြီး အဖူးညွန့်တွေထွက်လာမှာပဲ ဖြစ်ပါတယ်။

၃။ နေရောင်ခြည်ရအောင် ပြုလုပ်ပေးပါ။
စံပယ်ပန်းပင်ဟာ နေရောင်ခြည်လုံလောက်အောင် ရရှိဖို့လိုအပ်တာမို့ နေရောင်ကောင်းစွာရတဲ့ နေရာမှာထားပေးရပါမယ်။ မြေချစိုက်တဲ့ အပင်တွေဆိုရင်လဲ အရိပ်ကျတဲ့ အပင်ကြီးတွေကိုချိုင်ပေးပြီး နေရောင်ရအောင် ပြုလုပ်ပေးလို့ရပါတယ်။

၄။ အာဟာရကျွေးပေးပါ။
သစ်ရွက်တွေကို မီးရှို့လို့ရတဲ့ပြာတွေနဲ့ ကြက်ဥခွံတွေကိုရောစပ်ပြီး အပင်တွေကို ထည့်ကျွေးပေးပါ။ ဆန်ဆေးရည်နဲ့ ဟင်းချိုမှုန့်အနည်းငယ်ကိုရောစပ်ပြီး နှစ်ပတ်တစ်​ကြိမ်ခန့် ပုံမှန်လောင်းပေးပါ။


မူရင်းရေးသားသူကို Credit ပေးပါတယ်။




0 Comments:

Post a Comment