အချိန် စောင့်လိုက်ပါ
****************
တခါတုန်းက ပညာရှိ အဖိုးအိုတဦးနဲ့ သူ့တပည့်တွေဟာ
ခရီးတခုကို အတူထွက်လာခဲ့ကြတယ်။
လမ်းခရီးတစ်ခုမှာ တောနက်ထဲ ရောက်တဲ့အခါ သူတို့အားလုံး ခဏနားကြတယ်။
သောက်စရာ ရေလည်း ကုန်နေပြီဖြစ်တဲ့အတွက် မလှမ်းမကမ်းမှာရှိတဲ့
အိုင်ထဲကနေ ရေသွားခပ်ဖို့ အဖိုးအိုက စေညွှန်လိုက်တယ်။
ဒီတော့ တပည့်တွေလည်း ရေကန်ရှိရာကို သွားကြတယ်။
အဲဒီအခါမှာ ရေကန်မှာ မကြာသေးခင်ကမှ သမင်ဒရယ်တွေရေသောက်ဆင်းလာကြတဲ့ အတွက် ရေတွေနောက်ပြီး အနည်တွေ ထနေတာ တွေ့လိုက်ရတယ်။
ဒီတော့ တပည့်တွေလည်း စိတ်ပျက်လက်ပျက်နဲ့
အဖိုးအိုဆီ ပြန်လာခဲ့ကြတယ်။
အဖိုးအိုကလည်း ဘာမှမပြောပဲ ဒီအတိုင်းပဲတိတ်တိတ်ဆိတ်ဆိတ်နေတယ်။
နောက်တနာရီလောက် ကြာတဲ့အခါ တပည့်တွေကို
ရေသွားခပ်ခိုင်းပြန်တယ်။
ဒီတခါတော့ ရေကန်ဟာ အနည်တွေထိုင်ပြီး အပေါ်က ရေ တွေ ကြည်လင်နေတာကို တွေ့လိုက်ရတယ်။
ဒီတော့ ဝမ်းသာအားရနဲ့ တပည့်တွေအားလုံး ရေခပ်ပြီး ပြန်လာကြတယ်။
ဒီတော့ အဖိုးအိုက မေးတယ်။
'' ရေတွေ အားလုံး ကြည်လင်သွားအောင် ဘာ လုပ်လိုက်ကြသလဲ''
''ဘာမှ မလုပ်ပါဘူး'' တပည့်တွေ အားလုံး ဝိုင်းဖြေကြတယ်။
အဲဒီထဲကမှ တပည့်တယောက်က ဖြေတယ်။
'' အချိန်စောင့်လိုက်ရပါတယ်''
အဖိုးအိုက ပြုံးပြီး ပြောတယ်။
'' ဟုတ်တယ် ရေကန်ထဲက ရေတွေအားလုံးကြည်လင်ဖို့
ဘာမှမလုပ်ပဲ အချိန်တခုကိုစောင့်ရပါတယ်။
အဲဒီလိုပဲ တစုံတခုက သင်တို့ကို ဒေါသထွက်အောင်
နာကျင်အောင် ပြုလုပ်လို့သင်တို့ စိတ်တွေ နောက်ကျိ
နေပြီဆိုရင်... ဘာမှမလုပ်ပဲ ဒီအတိုင်းပဲ ထားလိုက်ပါ။
အချိန်ကာလတခု လွန်မြောက်ပြီးတဲ့အခါ ဒေါသတွေ
အမုန်းတရားတွေ မရှိတော့ပဲ စိတ်ဟာ ပြန်လည်ကြည်လင်လာပါလိမ့်မယ်''
သင့်စိတ်ကို တစုံတစ်ယောက်က နာကျင်အောင် ထိခိုက်အောင် ဒေါသထွက်အောင် ပြုလုပ်လို့ သင့်စိတ်နောက်ကျိနေပြီဆိုရင်တော့...
Let it be... ထားလိုက်ပါ
ဘာမှမလုပ်ပဲ ဒီအတိုင်းပဲထားလိုက်ပါ။ အချိန်ပေးလိုက်ပါ။
အချိန်ကာလတခု ကျော်လွန်ပြီးတဲ့အခါ အရာရာဟာပြန်လည်ကြည်လင် သွားပါလိမ့်မယ်။
မူရင်းရေးသားသူကို Credit ပေးပါတယ်။
0 Comments:
Post a Comment