အလုပ်လုပ်ပါ
■■■■■■■
ငယ်ပါသေးတယ်ဆိုပြီး အလုပ်မလုပ်ဘဲမနေပါနဲ့။
အလုပ်လုပ်ပါ။
အလုပ်လုပ်ခြင်းဟာ
ပုံမှန်ဝင်ငွေ လမ်းကြောင်းရှိတာ၊
ပိုက်ဆံရတာ တစ်ခုတည်းမဟုတ်ပါဘူး။
အလုပ်လုပ်ခြင်းဟာ
အတွေးသစ် အမြင်သစ်
စိတ်ခွန်အား အသစ်တွေရတယ်။
အသိပညာ ဗဟုသုတ ရတယ်။
အတွေ့အကြုံရတယ်။
အဲ့ဒီအတွေ့အကြုံတွေကနေမှ
ကိုယ့်ဘဝကို အဆင့်ဆင့် မြင့်တင်ပေးစေပါတယ်။
သေးသေးမွှားမွှားပဲ ဖြစ်စေ
ကိုယ်လုပ်နိုင်တာကို အကောင်းဆုံးလုပ်ပါ။
ကိုယ်အကောင်းဆုံး ကြိုးစားလုပ်တဲ့
အလုပ်တိုင်း အလုပ်တိုင်းက
ကိုယ့် ရှင်သန်ရပ်တည်ရေးပြေလည်
ပိုက်ဆံရရုံတင်မကပါဘူး။
အလုပ်လုပ်ခြင်းက
ကိုယ့်တန်ဖိုးကို မြင့်တင်ပေးပါတယ်။
ကိုယ့်ရဲ့အတွေးအခေါ်၊ အသိအမြင်၊
စိတ်ဓာတ်နဲ့ ကိုယ့်ရဲ့ဘဝတစ်ခုလုံးကိုပါ
ပြောင်းလဲပေးနိုင်ပါတယ်။
ဒါ့ကြောင့်
အလုပ်လုပ်ပါ။
ကိုယ်လုပ်နိုင်တာကို အကောင်းဆုံးလုပ်ပါ။
မဖြစ်နိုင်လောက်ဘူးလို့ ထင်တဲ့အရာကို
တစ်ခါလောက်ဖြစ်ဖြစ် ကြိုးစားလုပ်ကြည့်ပါ။
မူရင်းရေးသားသူကို Credit ပေးပါတယ်။
0 Comments:
Post a Comment