• Linked In
  • Twitter link
  • Facebook Link
  • Google Plus

Saturday, March 15, 2025

ဗန်ဒါရွက် အစွမ်းထက်ပုံ

March 15, 2025 // by Sayar Setpaing // // No comments

 


မသိသူကျော်သွား သိသူဖော်စား ဆိုတဲ့စကားဟာ စကားပုံမဟုတ်ပါဘူး။ 
ဒီနေ့မိသားစုတို့ကို ပြောပြချင်တဲ့ဆေးနည်းက ဗန်ဒါရွက် အစွမ်းထက်ပုံအကြောင်းပါ။ 
ဗန်ဒါ(ဗာဒံ)ရွက် ဗာဒံသီးဟာ မြေပြန့်ဒေသပူအိုက်တဲ့ရာသီဥတုအတွက်တော့မြန်မြန်နဲ့
လွယ်လွယ်အရိပ်ရလို့တချို့ကမိမိအိမ်ခြံဝင်းမှာအရိပ်ရအောင်စိုက်ကြတယ်။
နေရာတိုင်းမှာလည်း အလေ့ကျ ပေါက်ပါတယ်။ 
သို့သော်ဗန်ဒါပင်ရဲ့အစွမ်းကိုတော့သိသူနည်းပါးပါတယ်။ 

ဗန်ဒါရွက်(ယခုပုံ)မှာပြထားတဲ့အတိုင်း ဗန်ဒါရွက်အရင့်ကို ၃ခွက်၁ခွက်တင်ကျိုပီး
သောက်ပေးခြင်းဖြင့် အစာအိမ်လေနာ၊ အစာအိမ်အောင့်၊ အစာအဆိပ်သင့်၊
ဝမ်းဖောဝမ်းရောင်၊ ကိုက်ခဲနာကျင်တာတွေလက်တွေ့ပျောက်တဲ့ဆေးပါ။

ဆန်ပြုတ်ကျိူ သောက်နေရသူအစာအိမ်သမားတွေအတွက် သဘာဝကပေးတဲ့
ဆေးဖြစ်တယ်။ ဆီးဝမ်းသွေးလေ မကွဲအထက်လေဆန်ဖြစ်နေရင် ကျိူသောက်
ပျောက်တဲ့ဆေးလည်းဖြစ်တယ်။ တချို့က ဗန်ဒါရွက်ကို နေရိပ်မှာလှန်းပီးအမှုန့်လုပ်ပီး 
လျက်ဆားလျက်သလို စားကြပါတယ်။ အမှုန့်လုပ်သောက်နိူင်ရင်ပိုကောင်းတယ်။
ကျနော်အရင်က အစာအိမ်ရောဂါဝေဒနာကိုအလူးအလိမ့်ခံစားခဲ့ရတယ်။
ဆန်ပြုတ်ကိုလချီသောက်ရတယ်။ ဆန်ပြုတ်သောက်တိုင်းမျက်ရည်ကျခဲ့ရတယ်။ 
ဆေးရုံမှာ၁လကျော်၂လနီးပါးတက်ရောက်ကုသဖူးတယ်။ 
စိတ်ဓာတ်တွေလည်းကျခဲ့တယ်။ ငါ ဒီရောဂါနဲ့သေရတော့မယ်ဆိုတဲ့အသိနဲ့ပါ 
သေမယ့်သေရင်တောင်ကိုယ်စားချင်တာစားပီး သေချင်တယ်။

ကံကောင်းလို့ထောက်မစွာနဲ့ ဗန်ဒါရွက်ရဲ့အစွမ်းသတ္တိကိုမြည်းစမ်းခွင့်ရခဲ့တယ်။ 
ချက်ချင်း ပဲလိုက်ရှာခူးတယ်။ အပင်ကမဝေးပါဘူးကိုယ့်အနီးအးနာမှာပဲ
အဆင်သင့်ရှိနေခဲ့တယ်။ ၁၀ရွက်လောက် ကျိူ သောက်လိုက်တယ်ဆိုရင်ပဲ
နာကျင်ကိုက်ခဲနေတာတွေတဖြည်းဖြည်းသက်သာလာတယ်။
အချိန် ၁၀မိနစ်ပါပဲ သောက်ပီးမကြာဘူးဗိုက်ဆာလာတယ်။ 
ကြာဇံဟင်းခါး ၂ပွဲဆက်တိုက်သောက်လိုက်တယ်။ 
ဗန်ဒါရွက်ပြုတ်ရေထပ်သောက်တယ်။ ထမင်းစားတယ်။ 
ယူပစ်လိုက်သလိုပဲလုံးဝကောင်းသွားတယ်။ 
ဘာမှစားလို့မရတဲ့လူက စားချင်တာစားလို့ရသွားပီ။ 

အခုလည်းအိမ်ကသမီး ကျောက်ကပ်ရောင်လို့ဗိုက်ကြီးဖောင်းကားနေတာ။
ဗန်ဒါရွက်၂ရက် တနေ့၂ခွက်ပဲတိုက်လိုက်တယ်။ ဒီနေ့၃ရက်မြှောက်နေ့မှာပဲ
ဗိုက်ကြီးဖောင်းကားနေတာလုံးဝလျော့သွားလို့သမီးလည်းသက်တောင့်သက်သာ
ဖြစ်ပီးအရမ်းပျော်နေပါတယ်။ 

ဒူးနာခါးနာတွေအတွက်အရွက်မနုမရင့်ကို မီးနဲနဲပြပီး စည်းထားကြပ်ထုတ်ထိုးထား
ပေးရင်လည်း သက်သာပျောက်ကင်းပါတယ်။ ဗန်ဒါစေ့ကတော့ နှလုံး ဆီးချိူ 
သွေးချိူ ရောဂါသည်တွေအတွက်အထူးကောင်းလို့ စားပေးသင့်ပါတယ်။

မူရင်းတင်သူကို Cerdit ပေးပါတယ်။ 




0 Comments:

Post a Comment