နတ်ဆေးတမျှ အစွမ်းထက်လှတဲ့
နှာရည်ယို၊နှာမွှန်၊နှာပိတ်(ထိပ်ကပ်နာ)ရောဂါအတွက်....ခရေစေ့
လွန်ခဲ့တဲ့ ၃/၄ လခန့်ကစပြီး နှာမွှန်ရောဂါ စွဲကပ်လာပါတယ်.. အိပ်ယာထချိန် နံက်အစောပိုင်းဆို အတော်လေးမွှန်ပါသည်..မနားမနေကိုနှာချေပါသည်။ အင်္ဂလိပ်ဆေး..{ စီထရင်း (သိုမဟုတ်)ဘာမီတွန်} သောက်ရင် ပျောက်ပါသည် ဆေးအာနိသင်ကုန်တာနှင့် ပြန်ဖြစ်ပါတော့သည်။
တကယ်မွှန်တဲ့နေ့ဆို စွတ်ကြယ်ဂျိုင်းပြတ်အင်္ကျီ ၃ ထည်လောက် နှာရည်ညှစ်ဖို့ ဆောင်ထားရပါသည်။ တရားထိုင်ချိန်၊တရားမှတ်ချိန်ဆို နှာရည်တွေ တောက်တောက်..တောက်တောက်နဲ့ အောက်ကိုစီးကျနေလောက်အောင်ကို မွှန်ပါတယ်... အနံဆိုးများတော့ မထွက်သေးပါ။
လွန်ခဲ့တဲ့ ၃ လခန့်က fbပေါ်မှာ ဦးဇင်းတစ်ပါးတင် ထားတဲ့ ပိုစ်လေးတစ်ခု ဖတ်ရပါသည်။ သူ ၁၄ နှစ်တိုင်တိုင် ငွေသိန်းချီကုန်ပြီး အင်္ဂလိပ်ဆေးနဲ့ကုသလို့မပျောက်တဲ့ နှာမွှန်ရောဂါကို ခရေစေ့ကိုသွေးလိမ်း၊ ခရေစေ့ကို မီးဖုတ်၊မီးဖုတ်ထားတဲ့အစေ့ကို ငရုပ်ဆုံမှာ ညက်အောင်ထောင်းပြီး အုန်းဆီစစ်စစ်လေးနဲ့ ငယ်ထိပ်ပေါ် လိမ်းတာ ၃ ရက်နဲ့ ပျောက်တယ်လို့ တင်ထားတာတွေ့တာနဲ့ ခရေသီးမှည့်ချိန် (အခုအချိန်) ကြုံတာနဲ့ ခရေသီးအမှည့်ထဲကအစေ့ကို သွေးပြီး ညအိပ်ယာဝင်ချိန် နှာခေါင်းမှာနှာတံဆွဲသလိုလိမ်း၊နှာဖူးထိပ်(မျက်ခုံးရိုး ၂ ခုကြား)မှာ လိမ်းပြီး ခြောက်တော့အိပ်ယာဝင်တာ နံက် (တစ်ကြိမ်တည်း လိမ်းရုံ)ထူးထူးခြားခြားကို(၉၀ ရာခိုင်နှုံး)ခန့် သက်သာပျောက်ကင်းနေတာ အံသြဖွယ်တွေ့ရပါတယ်...
အခုစာရေးနေချိန်မှာ ဆေးလိမ်းချိန် ၁ ရက်နဲ့ တမွန်းတက်သာရှိသေးချိန်မှာ ၉၅ ရာခိုင်နှုန်းခန့် ပျောက်ကင်းနေပါပြီ။(မီးဖုတ်လို့ ထောင်းပြီး အုန်းဆီနှ့င် ငယ်ထိပ်ကိုမလိမ်းဖြစ်ပါ)
ကျတော်ရဲ့ သူငယ်ချင်းမိတ်ဆွေများ နှာမွှန်၊နှာပိတ်(ထိပ်ကပ်နာ)ဖြစ်ခဲ့လို့ စိတ်ညစ်နေခဲ့ရင် ငွေကုန်ကြေးကျ မရှိတဲ့ ခရေစေ့လေးသာ သွေးလိမ်းကြည့်ကြပါလို့ ကိုယ်ပျောက်ခဲ့တာလေးကို ဝမ်းသာအားရ မျှဝေပါရစေ။
Edit..စိတ်ပျက်စရာ နှာမွှန်ရောဂါကို ကျတော်လိုပဲ ပျောက်ကင်းစေချင်တဲ့ စေတနာ တစ်ခုတည်းနှင့်သာ မျှဝေခြင်းဖြစ်ပါသည်။
0 Comments:
Post a Comment